အမြို့မြို့အနယ်နယ်သတင်းများ

Jun 25,2024
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းမှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မေဂျာပေါင်းစုံ ဘောလုံးအားကစားပြိုင်ပွဲကို ယမန်နေ့က မြို့နယ်ပြည်သူ့အားကစားကွင်၌ ကျင်းပပြုလုပ်ခဲ့သည်။
Jun 25,2024
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း စံပယ်ခန်းမ၌ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် (၁၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Jun 25,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်ရှိ မြို့နယ်အ‌ထွေထွေအုပ်ချုပ်ရေးဦးစီဌာနရှိ မြိုနယ်အုပ်ချုပ်‌ရေးမှူးရုံးခန်း၌ ၂၀၂၄ ခုနှစ်၊‌‌ ယနေ့နံနက် ၁၁ နာရီအချိန်က သတင်းညှိနှိုင်းအစည်းအဝေးကျင်းပခဲ့ကြောင်း သိရသည်။
Jun 25,2024
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဟောပြော၊ သရုပ်ပြခြင်း အခမ်းအနားအားကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းမင်းမှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးမှူးရုံးမှ ဒုမီးသတ်ဦးစီးမှူး ဦးအောင်နေလင်းမှ ကျောင်းသား/သူ များအား သဘာဝဘေးအန္တရာယ်ဆိုင်ရာများ ချပြရှင်းလင်းခြင်း၊ ဆောင်ရန်၊ ရှောင်ရန်၊ လိုက်နာရန်အချက်များ ဆွေးနွေးခြင်း၊ ကိုကိုးကျွန်းမြို့နယ် မီးသတ်စခန်းမှ ဒုမီးသတ်ဦးစီးမှူး ဦးကျော်ချမ်းငြိမ်းမှ ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ တစ်မျိုးခြင်း အလိုက်သုံးစွဲမှုအား တပ်ဖွဲ့ဝင်များနှင့်အတူ သရုပ်ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jun 25,2024
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၊ အ.ထ.က(ဂန့်ဂေါ)ကျောင်း ပုံညာခန်းမ၌ ကျောင်းသား/သူများ ဗလငါးတန်ပြည့်စုံပြီး အသိပညာဗဟုသုတများ ပြည့်ဝစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 25,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်များ အသိပညာတိုးပွားစေရေးနှင့် သတိထားရှောင်ကြဥ်ရမည့် မူးယစ်ဆေးဝါး အန္တရာယ်များကို သိရှိနိုင်စေရန် ရည်ရွယ်၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် အခြေခံပညာအလယ်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲအား ယနေ့နံနက် (၁၀) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 25,2024
၂၀၂၄ ခုနှစ် ဇူလိုင်လ (၃) ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မွန်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မွန်ပြည်နယ် အမျိုးသမီးကော်မတီတို့ ပူးပေါင်ကျင်းပသော ကိုယ်ကာယကြံ့ခိုင်ရေးလေ့ကျင့်ခန်း အားကစားလှုပ်ရှားမှုအခမ်းအနားကို ယနေ့ နံနက်ပိုင်းက မော်လမြိုင် ရာမညအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ ဝင်ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည်သည်တော်များ တက်ရောက်သည်။
Jun 25,2024
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၌ အားကစားနှင့်လူငယ်ရေးရာ အသိပညာပေး‌ဟောပြောပွဲကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက်(၁၀)နာရီက အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ကျင်းပသည်။