မိုင်းတုံ ဇွန် ၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီဌာနရှိ မြိုနယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ၂၀၂၄ ခုနှစ်၊ ယနေ့နံနက် ၁၁ နာရီအချိန်က သတင်းညှိနှိုင်းအစည်းအဝေးကျင်းပခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလွင်မိုးကလုပ်ငန်းဆောင်ရွက်မှုတိုင်းကို ဗုဒ္ဓဟူးနေ့တိုင်း တင်ပြရတာဖြစ်သည့်အတွက် သတင်းညှိနှိုင်းအစည်းအဝေးနှင့်ပတ်သက်ပြီး အပတ်စဉ် အင်္ဂါနေ့တိုင်းဆောင်ရွက်နေခြင်းဖြစ်ခြင်း၊ မိမိဌာနရဲ့တစ်ပတ်တာလုပ်ငန်းတွေ၊ မိမိပတ်ဝန်းကျင်အတွင်းဖြစ်ပေါ်နေမှုများ၊ လုပ်ဆောင်ခဲ့ရသည့် အခက်အခဲများ၊ ကိုယ်တိုင်ဆန္ဒရှိသည့်အရာများကို ချပြမှသာသိရှိနိုင်ခြင်း၊ တစ်ပတ်တာကာလအတွင်း ညှိနှိုင်းဆွေးနွေးမှုများ ပုံမှန်လုပ်ဆောင်သွားပါက အခက်အခဲမရှိလုပ်ငန်းများ အောင်မြင်သည့်အပြင် လုပ်ငန်းဆောင်ရွက်ရာတွင်လည်း လျင်မြန်မြန်ဆန်ကြောင်း ပြောကြားပြီးနောက်၊ မြို့နယ်ရဲမှူး၊ မြို့နယ်လဝက၊ မြို့နယ်မြေစာရင်း၊ မြို့နယ်စည်ပင်၊ မြို့နယ်ကော်မရှင်၊ မြို့နယ်ပညာရေး၊ မြို့နယ်စိုက်ပျိုးရေး၊ မြို့နယ်ဆယ်မြောင်း၊ မြို့နယ်တိကုစသည့်ဌာနအသီးသီးမှ လုပ်ငန်းဆောင်ရွက်မှုများနှင့် ကြုံတွေ့ခဲ့ရမှုများကို အလှည့်ကျဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
ဝင်းဝင်းခိုင်(မိုင်းတုံ၊ ပြန်/ဆက်)