ရေနံချောင်း ဇွန် ၂၅
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းမှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မေဂျာပေါင်းစုံ ဘောလုံးအားကစားပြိုင်ပွဲကို ယမန်နေ့က မြို့နယ်ပြည်သူ့အားကစားကွင်၌ ကျင်းပပြုလုပ်ခဲ့သည်။
အားကစားပြိုင်ပွဲတွင် ရေနံချောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇင်ဦးက အဖွင့်အမှာစကားပြောကြားပြီး ရေနံချောင်းမြို့ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါက်တာဝင်းစန္ဒာက အားကစားပြိုင်ပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ရေနံချောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇင်ဦးက ဘောလုံးကန်၍ အားကစားပြိုင်ပွဲကို ဖွင့်လှစ်ပေးရာ EP အသင်းနှင့် MP အသင်းတို့ စတင်ယှဉ်ပြိုင်ကစားကြသည်။
အဆိုပါ အားကစားပြိုင်ပွဲကို ဇွန် (၂၄) ရက်မှ (၂၉) ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး (၃၀) ရက်နေ့တွင် ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်