မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ကိုယ်ကာယကြံ့ခိုင်ရေးလေ့ကျင့်ခန်း အားကစားလှုပ်ရှားမှု အခမ်းအနားတက်ရောက်

မော်လမြိုင် ဇွန် ၂၅

၂၀၂၄ ခုနှစ် ဇူလိုင်လ (၃) ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မွန်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မွန်ပြည်နယ် အမျိုးသမီးကော်မတီတို့ ပူးပေါင်ကျင်းပသော ကိုယ်ကာယကြံ့ခိုင်ရေးလေ့ကျင့်ခန်း အားကစားလှုပ်ရှားမှုအခမ်းအနားကို နေ့ နံနက်ပိုင်းက မော်လမြိုင် ရာမညအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ ဝင်ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည်သည်တော်များ တက်ရောက်သည်။

ရှေးဦးစွာ ကိုယ်ကာယကြံ့ခိုင်ရေးအားကစားလှုပ်ရှားမှုအဖွဲ့များမှ အားကစားကွင်းအတွင်း နေရာယူ၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဧည့်သည်တော်များအား၊ အားကစားလှုပ်ရှားမှုအဖွဲ့မှ ဂါရဝပြုခဲ့ကြသည်။

ထို့နောက် မွန်ပြည်နယ်အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်ရေးလေ့ကျင့်ခန်း အားကစားလှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်ကူညီပေးပါသော မွန်ပြည်နယ်အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးလုပ်ငန်းအဖွဲ့၊ ချမ်းမြေ့ဂုဏ်အထူးကုဆေးရုံမိသားစု၊ မွန်ပြည်နယ် အမျိုးသမီးအားကစားအဖွဲ့၊ မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှု အသင်းအဖွဲ့များအား မွန်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီး ဒေါ်ဝင်းမြင့်ရီက ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။

ဆက်လက်၍ ကိုယ်ကာယကြံ့ခိုင်ရေးအားကစားလှုပ်ရှားမှုအဖွဲ့မှ သရုပ်ပြကပြဖျော်ဖြေနေမှုများကို ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ကြည့်ရှုအားပေး၍ ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။

စည်သူ (ပြန်/ဆက်)