ရွှေပြည်သာမြို့နယ်၌ အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ

ရွှေပြည်သာ ဇွန် ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၌ အားကစားနှင့်လူငယ်ရေးရာ အသိပညာပေး‌ဟောပြောပွဲကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက်(၁၀)နာရီက အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ကျင်းပသည်။

အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲတွင် မင်္ဂလာဒုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းညွန့်မှ အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီးလူငယ်ရေးရာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦး‌အေးချိုတူးက လူငယ်ရေးရာအကြောင်း အသိပညာပေးဟောပြောခဲ့ပြီး အားကစားပစ္စည်များကို‌ အမှတ်(၄)ကျောင်းအုပ်ဆရာကြီး ဦးဝင်းဇော်ထံပေးအပ်ခဲ့သည်။

ဆက်လက်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန်းစန်းနွယ်က လူငယ်နှင့်ကျန်းမာရေးအကြောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးမိုးက လူငယ်နှင့်စာပေအကြောင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဦးဇော်ဇော်လင်းက အားကစားသိပ္ပံအကြောင်း သိကောင်းစရာများကိုလည်းကောင်း အသိပညာပေးဟောပြောခဲ့သည်။

အသိပညာပေးဟောပြောပွဲတွင် Fitness Dance အဖွဲ့နှင့် တိုက်ကွမ်ဒိုအဖွဲ့များက သရုပ်ပြသကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆု‌ငွေများအသီးသီးပေအပ်ချီးမြှင့်ခဲ့ပြီး ကျောင်းအုပ်ဆရာကြီး ဦးဝင်းဇော်မှ ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

အခမ်းအနားသို့ မင်္ဂလာဒုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးလူငယ်ရေးရာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးချိုတူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း‌ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများ ကျောင်းသား/သူများ တက်ရောက်ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော သုတ/ရသစာအုပ်စာစောင်များနှင့် အသိပညာပေးနံရံကပ်စာစောင်များကို လှည့်လည်ကြည့်ရှုကြကြောင်း သိရသည်။

နေမျိုးထွန်း