သဘာဝဘေး ကြိုတင်ကာကွယ်ရေး၊ သရုပ်ပြ၊ ဟောပြောပွဲကျင်းပ

ကိုကိုးကျွန်း ဇွန် ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဟောပြော၊ သရုပ်ပြခြင်း အခမ်းအနားအား ကျင်းပခဲ့ရာ  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းမင်းမှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးမှူးရုံးမှ ဒုမီးသတ်ဦးစီးမှူး ဦးအောင်နေလင်းမှ ကျောင်းသား/သူ များအား သဘာဝဘေးအန္တရာယ်ဆိုင်ရာများ ချပြရှင်းလင်းခြင်း၊ ဆောင်ရန်၊ ရှောင်ရန်၊ လိုက်နာရန်အချက်များ ဆွေးနွေးခြင်း၊ ကိုကိုးကျွန်းမြို့နယ် မီးသတ်စခန်းမှ ဒုမီးသတ်ဦးစီးမှူး ဦးကျော်ချမ်းငြိမ်းမှ ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ တစ်မျိုးခြင်း အလိုက်သုံးစွဲမှုအား တပ်ဖွဲ့ဝင်များနှင့်အတူ သရုပ်ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ကျောင်းသားကလေးများကို သဘာဝဘေးဖြစ်လာပါက အသက်ကယ်အင်းကျီဝတ်ဆင်ပုံ၊ BA SET၊ အသက်ရှုကိရိယာကို အသုံးပြုပုံများကို လက်တွေပြသခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် စီမံအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့ဝင်များ ဆရာ၊ ဆရာမများနှင့်​ ​ကျောင်းသား/သူများ စုစုပေါင်း (၈၀) ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

ကိုကိုးကျွန်း(ပြန်/ဆက်)