Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ငပုတောမြို့နယ်၌ မိုးစပါးအထွက်နှုန်းတိုးတက်စေရေး(Drum Seeder)အသုံးပြု၍ မျိုးစေ့ချပွဲကျင်းပ
Jun 20,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ဧကများတွင် တစ်ဧက စပါးအထွက်နှုန်းပိုမိုတိုးတက်စေရေး၊ လယ်ယာလုပ်သားရှားပါးမှုနှင့် ကောက်စိုက်စရိတ်ကြီးမြင့်သည့် အခက်အခဲများကျော်လွှား၍ ကုန်ကျစရိတ်သက်သာစွာဖြင့် အချိန်တိုအတွင်းပြီးစီးနိုင်သော မျိုးစေ့ချကိရိယာဖြင့် တိုက်ရိုက်မျိုးစေ့ချစိုက်ပျိုးနည်းစနစ်ကို တောင်သူများကျယ်ကျယ်ပြန့်ပြန့် တိုးချဲ့ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါးရာသီ၌ (Drum Seeder)အသုံးပြု၍ မျိုးစေ့ချစိုက်ပျိုးပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက လိပ်ချောင်းကျေးရွာအုပ်စုရှိ တောင်သူဒေါ်မြင့်မြင့်အေး၏ လယ်မြေ(၂.၀၀)ဧကတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘားအံမြို့ အခြေခံပညာကျောင်းများ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်
Jun 20,2024
ကရင်ပြည်နယ်၊ ဘားအံမြို့၌ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန ဘားအံခရိုင်ဦးစီးမှူးရုံးနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ ဘားအံမြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
သီပေါမြို့ အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် အသက်(၅)နှစ်မှ (၇)အထိ ကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ကျန်းမာရေးဆိုင်ရ…
Jun 20,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ကာကွယ်ဆေးများ ထိုးနှံပေးခြင်းနှင့် ကျန်းမာရေးဆိုင်ရာအသိပညာပေးခြင်းများကို အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် ယနေ့နံနက်(၁၀)နာရီအချိန်က ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဖြူမြို့၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း လူထုအသိပညာပေးလှုံ့ဆော်ရေး ပိုစတာစိုက်ထူ
Jun 20,2024
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ “ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့” ဆောင်ပုဒ်နှင့်အညီ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း လူထုအသိပညာပေးလှုံ့ဆော်ရေး ပိုစတာ Bill Board စိုက်ထူပွဲကို ယမန်နေ့ နံနက်ပိုင်းက လူသွားလူလာများပြီး လူစည်ကားရာနေရာဖြစ်သည့် အလယ်ပိုင်းရပ်ကွက်ရှိ နာရီစင်အနီးမြေနေရာ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သာပေါင်းမြို့နယ်တွင် ရေပြင်အသက်ကယ်ဆယ်ရေးလုပ်ငန်းများ ဇာတ်တိုက်သရုပ်ပြလေ့ကျင့်
Jun 20,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ရေပြင်အသက်ကယ်ဆယ်ရေးလုပ်ငန်းများ ဇာတ်တိုက်သရုပ်ပြမှုကို ယမန်နေ့ ဇွန်လ ၁၉ ရက်နေ့၊ ညနေ ၃ နာရီခွဲအချိန်က ငဝန်မြစ်ရေပြင်၌ ဇာတ်တိုက် လေ့ကျင့်သရုပ်ပြခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ပံ့ပိုးချေးငွေဖြင့် မိုးစပါးစိုက်ပျိုးမည့် သမဝါယမအသင်းသားတောင်သူများထံသို့ သွင်းအားစုများ ပေးအပ်
Jun 20,2024
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်းရှိ နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးမည့် သမဝါယမအသင်းသားတောင်သူများအား ရန်ကုန်တိုင်းဒေသကြီး သမဝါယမဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် သွင်းအားစုကုမ္ပဏီများနှင့်ချိတ်ဆက်ပြီး သွင်းအားစုများပေးအပ်ပွဲအခမ်းအနားကို ကြာကန်ကျေးရွာ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အခွန်ပညာပေးရှင်းလင်းဆွေးနွေးပွဲ ကွန်ဟိန်းမြို့၌ ကျင်းပ
Jun 20,2024
၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း အခွန်ဘဏ္ဍာငွေတိုးတက်ကောက်ခံရရှိရေးနှင့် အခွန်ထမ်းများ အခွန်ဆိုင်ရာတည်ဆဲဥပဒေလုပ်ထုံးလုပ်နည်းများကို သိရှိနားလည်ပြီး လိုက်နာဆောင်ရွက်နိုင်ရေးအတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ်ပြည်တွင်းအခွန်များဦးစီးဌာနမှ အခွန်ပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက အဆိုပါရုံး၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းဖြတ်မြို့နယ်၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲပြုလုပ်…
Jun 20,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၄ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲ ၁ နာရီက လူထုအခြေပြုဗဟိုပြုဗဟိုဌာန (Community Centre)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
4618
Page
4619
Page
4620
Page
4621
Current page
4622
Page
4623
Page
4624
Page
4625
Page
4626
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department