ငပုတောမြို့နယ်၌ မိုးစပါးအထွက်နှုန်းတိုးတက်စေရေး(Drum Seeder)အသုံးပြု၍ မျိုးစေ့ချပွဲကျင်းပ

ငပုတော ဇွန် ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ဧကများတွင် တစ်ဧက စပါးအထွက်နှုန်းပိုမိုတိုးတက်စေရေး၊ လယ်ယာလုပ်သားရှားပါးမှုနှင့် ကောက်စိုက်စရိတ်ကြီးမြင့်သည့် အခက်အခဲများကျော်လွှား၍ ကုန်ကျစရိတ်သက်သာစွာဖြင့် အချိန်တိုအတွင်းပြီးစီးနိုင်သော မျိုးစေ့ချကိရိယာဖြင့် တိုက်ရိုက်မျိုးစေ့ချစိုက်ပျိုးနည်းစနစ်ကို တောင်သူများကျယ်ကျယ်ပြန့်ပြန့် တိုးချဲ့ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါးရာသီ၌ (Drum Seeder)အသုံးပြု၍ မျိုးစေ့ချစိုက်ပျိုးပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက လိပ်ချောင်းကျေးရွာအုပ်စုရှိ တောင်သူဒေါ်မြင့်မြင့်အေး၏ လယ်မြေ(၂.၀၀)ဧကတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မျိုးစေ့ချကိရိယာ(Drum Seeder)ဖြင့် စပါးတိုက်ရိုက်မျိုးစေ့ချပွဲ အခမ်းအနားကို မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးကျော်သူ၊  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိဦးထွန်းမျိုးသန့်နှင့်ဝန်ထမ်းများ၊ မြို့နယ်မြေစာရင်းဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက်လေ့လာအားပေးကြည့်ရှုခဲ့ကြောင်း သိရသည်။

အောင်သူ(ပြန်/ဆက်)