နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ပံ့ပိုးချေးငွေဖြင့် မိုးစပါးစိုက်ပျိုးမည့် သမဝါယမအသင်းသားတောင်သူများထံသို့ သွင်းအားစုများ ပေးအပ်

ကော့မှူး ဇွန် ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်းရှိ နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးမည့် သမဝါယမအသင်းသားတောင်သူများအား ရန်ကုန်တိုင်းဒေသကြီး သမဝါယမဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် သွင်းအားစုကုမ္ပဏီများနှင့်ချိတ်ဆက်ပြီး သွင်းအားစုများပေးအပ်ပွဲအခမ်းအနားကို ကြာကန်ကျေးရွာ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဒေဝက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်သမဝါယမဦးစီးဌာန၊ မြို့နယ်သမဝါယမအသင်းစုနှင့် တာဝန်ရှိသူများက အသင်းသားများအား သွင်းအားစုများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ကော့မှူးမြို့နယ် သမဝါယမဦးစီးဌာနအနေဖြင့် ၂၀၂၄ ခုနှစ်အတွက် အသင်း (၄)သင်း၊ အသင်းသား (၂၅၂)ဦး၊ စိုက်ပျိုးဧက (၂၉၅၉)ဧကအတွက် ပံ့ပိုးငွေ (၅၉၁.၈၀)ကျပ်သန်းနှင့်ညီမျှသည့် သွင်းအားစုအိတ် (၅၉၀၀)ကျော်အား ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျော်သူရ (ပြန်/ဆက်)