မိုင်းဖြတ်မြို့နယ်၌ အပြည်ပြည်ဆိုင်ရာမူးယစ်​ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်​ရေး​နေ့အထိမ်းအမှတ် အသိပညာ​ပေး​ဟော​​ပြောပွဲပြုလုပ်

မိုင်းဖြတ် ဇွန် ၂၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၄ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာ​ပေး​ဟော​ပြောပွဲကို ယနေ့မွန်းလွဲ ၁ နာရီက လူထုအ​ခြေပြုဗဟိုပြုဗဟိုဌာန (Community Centre)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ​ဒေါ်​အေးဝင်းခိုင်က မူးယစ်​ဆေးဝါးဟူသည့်အဓိပ္ပါယ်၊ မူးယစ်​ဆေးသည့် လူသားတို့၏ အသက်အန္တရာများကို ဆိုးဝါးစွာထိခိုက်နိုင်သည့်အချက်များ၊ အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒ၊ မူးယစ်ဆေး သုံးစွဲရခြင်းအကြောင်းအရင်းများ၊ မူးယစ်​ဆေးဝါးသုံးစွဲသူဘဝ မ​ရောက်ရှိ​အောင် ကျောင်းသား လူငယ်များ  သိရှိလိုက်နာရမည့်အချက်များကို ပညာ​ပေး ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် မူးယစ်​ဆေးဝါးအန္တရာယ် နံရံကကပ်စာ​စောင်များ၊ စာအုပ်ပြပွဲများကို ​ကျောင်းသား၊ ​ကျောင်းသူများက ​လေ့လာဖတ်ရှုခဲ့ကြ​ကြောင်း သိရသည်။

သန်းထွန်း​အေး(ပြန်/ဆက်)