ဘားအံမြို့ အခြေခံပညာကျောင်းများ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်

ဘားအံ ဇွန် ၂၀

ကရင်ပြည်နယ်၊ ဘားအံမြို့၌ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန ဘားအံခရိုင်ဦးစီးမှူးရုံးနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ ဘားအံမြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို   ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် သဘာ၀ဘေးအန္တရာယ်ဆိုင်ရာနှင့်ပတ်သက်၍ မိုးကြိုကာလနှင့် မိုးနှောင်းကာလတို့တွင်ဖြစ်ပွားတတ်သော လေပြင်းဘေးနှင့်မိုးကြိုးဘေးအန္တရာယ်တို့နှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များ၊ ကျား/မအခြေပြုအကြမ်းဖက်ခြင်းဆိုင်ရာကိစ္စရပ်များ၊ မသန်စွမ်းအကြောင်းသိကောင်းစရာများနှင့် မှတ်ပုံတင်ဆောင်ရွက်ခြင်းဆိုင်ရာကိစ္စရပ်များအားဦးစီးဌာနအလိုက် အသိပညာပေးဟောပြောခြင်းများဆောင်ရွက်ခဲ့ရာ ကျောင်းသား/ကျောင်းသူ(၁၉၄)ဦးတို့ တက်ရောက်ခဲ့၍ သိရှိလိုသည်များ မေးမြန်းခဲ့ကြောင်း သိရှိရသည်။

(ခရိုင်ပြန်/ဆက်)