အမြို့မြို့အနယ်နယ်သတင်းများ

Jun 21,2024
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ စိုက်ပျိုးရေးသိပ္ပံ (မြစ်ကြီးနား)ကျောင်း၌ ပညာသင်ကြားလျက်ရှိသော စိုက်ပျိုးရေးဒီပလိုမာ ကျောင်းသား/ ကျောင်းသူများအား ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနက စိုက်ပျိုးမြေများအတွင်း သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)စိုက်ပျိုးထည့်သွင်းခြင်း ပညာပေးကွင်းသရုပ်ပြပွဲကို ယမန်နေ့ နံနက် ၉ နာရီက အဆိုပါစိုက်ပျိုးရေးသိပ္ပံကျောင်းဝင်းအတွင်းရှိ လယ်မြေများပေါ်တွင် ကျင်းပပြုလုပ်သည်။
Jun 21,2024
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများလိုက်ပါလျက် ဇွန်လ ၁၉ ရက်နေ့၊ ညနေပိုင်းတွင် ဟုမ္မလင်းမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သော ဟုမ္မလင်းမြို့ရှိ မြို့မိမြို့ဖများ၊ နာဂရိုးရာစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ၊ ဟုမ္မလင်းခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံတိုင်းရင်းသားများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
Jun 21,2024
မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ အလုံခရိုင် ကြက်ခြေနီကြီးကြပ်မှုကော်မတီ၊ အလုံမြို့နယ် ကြက်ခြေနီအသင်းခွဲ/တပ်ဖွဲ့မှ စီစဥ်ဖွင့်လှစ်သည့် ရှေးဦးပြုစုခြင်း (အခြေခံ/သာမန်) သင်တန်း ၁/၂၀၂၄ ဖွင့်ပွဲ အခမ်းအနားကို  ယနေ့  နံနက်   ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ် အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
Jun 21,2024
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး လူထုအသိပညာပေးဆိုင်းဘုတ် စိုက်ထူပွဲကို ယမန်နေ့နံနက် ၁၀ နာရီက မှော်ဘီမြို့မဈေးရှေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး
Jun 21,2024
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ် (၃) ရပ်ကွက်ရှိ အမှတ် (၅) အခြေခံပညာအလယ်တန်းကျောင်း၌ ရှေးဦးပြုစုခြင်းအကြောင်း သိကောင်းစရာများနှင့် ယာဉ်လမ်းအန္တရာယ် ကင်းရှင်းရေး အသိပညာပေး‌ ဟောပြောပွဲကို ယမန်နေ့ နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
Jun 21,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ အခွန်ပညာပေးရှင်းလင်းပွဲကို ယမန်နေ့မွန်းလွဲ (၂)နာရီက ပြည်တွင်းအခွန်ဦးစီးဌာန၊ မိုင်းဆတ်မြို့နယ် အခွန်ဦးစီးဌာနမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 21,2024
ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများလိုက်ပါ၍ ယမန်နေ့ နံနက်ပိုင်းက လွိုင်ကော်မြို့နယ်၊ မင်းကျောင်းပရိယတ္တိ စာသင်တိုက်သို့ သွားရောက်ကာ လွိုင်ကော်မြို့တွင် ပြန်လည်တည်ငြိမ်အေးချမ်းမှုရရှိလာပြီဖြစ်၍ စာသင်တိုက်အသီးသီးရှိ သံဃာတော်များ ပြန်လည်သီတင်းသုံးနိုင်ရေးနှင့် စာသင်တိုက်များ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် မင်းကျောင်းပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် သဒ္ဓမ္မဇောတိကဓဇ၊ ဘဒ္ဒန္တပညောဘာသ အားသွားရောက်ဖူးမြှော်ကြည်ညိုခဲ့ပြီး သာသနာရေးဆိုင်ရာများ လျောက်ထားကာ ဆွမ်းဆန်တော်၊ ဆီ၊ ပဲနှင့် လှူဖွယ်ဝတ္တူပစ္စည်းများ ဆပ်ကပ်လှူဒါန်းခဲ့သည်။ ထို့နောက် မင်းကျောင်းပရိယတ္တိစာသင်တိုက်အတွင်း အကြမ်းဖက်သောင်းကျန်းသူများ၏ အဖျက်အမှောက်ဆောင်ရွက်မှုကြောင့် ပျက်စီးသွားသည့် သာသနိကအဆောက်အဦများကို လိုက်လံကြည့်ရှု၍ အမြန်ဆုံးပြန်လည်ပြုပြင်နိုင်ရန်အတွက် တာဝန်ရှိသူများအား လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။