မိုင်းဆတ်မြို့၌ အခွန်ပညာ‌ပေး ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ

မိုင်းဆတ် ဇွန် ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ အခွန်ပညာပေးရှင်းလင်းပွဲကို ယမန်နေ့မွန်းလွဲ (၂)နာရီက ပြည်တွင်းအခွန်ဦးစီးဌာန၊ မိုင်းဆတ်မြို့နယ် အခွန်ဦးစီးဌာနမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရှင်းလင်းဆွေးနွေးပွဲတွင် မိုင်းဆတ်မြို့နယ် အခွန်ဦးစီးဌာနမှူး ဦးစောကလိုမူးက အခွန်ဆိုသည်မှာ နိုင်ငံတော်အတွင်း မှီတင်းနေထိုင်သူများ၏ အကျိုးအတွက် နိုင်ငံတော်အစိုးရမှ ကျခံဆောင်ရွက်ရန် ပုဂ္ဂိုလ်တစ်ဦးချင်းအနေဖြင့်လည်းကောင်း၊ စီးပွားရေးလုပ်ငန်းအဖွဲ့အစည်းများအနေဖြင့် ထည့်ဝင်ရမည့် ငွေဖြစ်ကြောင်း၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ ကောက်ခံလျက်ရှိသော အခွန်အမျိုးအစားများ၊ အခွန်ကောက်ခံရသည့် ရည်ရွယ်ချက်များနှင့် ပြည်တွင်းအခွန်များဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် အခွန်အကြောင်းသိကောင်းစရာများကို အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် အခွန်ထမ်းပြည်သူများက သိလိုသည်များ မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ပြီး အဆိုပါအခမ်းအနားသို့ လုပ်ငန်းရှင် (၂၃)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

မြင့်မောင်(မိုင်းဆတ်)