မှော်ဘီ ဇွန် ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး လူထုအသိပညာပေးဆိုင်းဘုတ် စိုက်ထူပွဲကို ယမန်နေ့နံနက် ၁၀ နာရီက မှော်ဘီမြို့မဈေးရှေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး
ဆိုင်းဘုတ်စိုက်ထူပွဲတွင် မှော်ဘီမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးအောင်ကြည်နှင့် အဖွဲ့ဝင်များက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြသည်။
အဆိုပါဆိုင်းဘုတ်ထူပွဲသို့ မှော်ဘီမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးအောင်ကြည်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးပြည့်စုံကျော်၊ အဖွဲ့ဝင်(၂) ဦးဝင်းစိုး၊ မှော်ဘီမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဦးစီးမှူးဦးဝင်းမြတ်ဆွေ၊ မှော်ဘီမြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မှော်ဘီမြို့ နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
ထို့နောက် သန်းခေါင်စာရင်းကောက်ယူရေး အထိမ်းအမှတ်လက်ဆောင်များပေးအပ်ပြီး “ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့” အသိပညာပေးလက်ကမ်းစာစောင်နှင့် ပိုစတာများကို တာဝန်ရှိသူများက ပြည်သူများထံသို့ လိုက်လံပေးဝေခဲ့ကြကြောင်း သိရသည်။
ဝင်းဇော်