အလုံ ဇွန် ၂၁
မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ အလုံခရိုင် ကြက်ခြေနီကြီးကြပ်မှုကော်မတီ၊ အလုံမြို့နယ် ကြက်ခြေနီအသင်းခွဲ/တပ်ဖွဲ့မှ စီစဥ်ဖွင့်လှစ်သည့် ရှေးဦးပြုစုခြင်း (အခြေခံ/သာမန်) သင်တန်း ၁/၂၀၂၄ ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ် အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
ရှေးဦးစွာ မြန်မာနိုင်ငံကြက်ခြနီအသင်း၊ ခရိုင်ဥက္ကဋ္ဌ ဒေါက်တာ အောင်ခင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး အလုံမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် (၁) ဗိုလ်မှူး ဌေးကြွယ်က အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ ကြက်ခြေနီအသင်းခွဲငယ် တာဝန်ခံ အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်သိင်္ဂီက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
အဆိုပါ သင်တန်းကို ရှေးဦးပြုစုခြင်း အခြေခံသင်တန်းတွင် သင်တန်းသား (၃၀) ဦး၊ ရှေးဦးပြုစုခြင်း သာမန်သင်တန်းတွင် သင်တန်းသား ၃၀ ဦး ၊ စုစုပေါင်း ၆၀ ဖြင့် ဇွန်လ ၂၀ ရက်နေ့မှ ၂၉ ရက်နေ့အထိ သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
တင်တင်ချို (ပြန်/ဆက်)