မရမ်းကုန်း ဇွန် ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ် (၃) ရပ်ကွက်ရှိ အမှတ် (၅) အခြေခံပညာအလယ်တန်းကျောင်း၌ ရှေးဦးပြုစုခြင်းအကြောင်း သိကောင်းစရာများနှင့် ယာဉ်လမ်းအန္တရာယ် ကင်းရှင်းရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲတွင် ကျောင်းသား၊ ကျောင်းသူများကို ခရိုင်တပ်ဖွဲ့မှူး (တာဝန်) ဦးမောင်မောင်မြင့်၊ ဦးစီးမှူး တတိယတန်း ဦးသုခနှင့် နည်းပြဆရာများက ကျောင်း သား၊ကျောင်းသူ (၉၀) ဦးအား စာတွေ့၊ လက်တွေ့သရုပ်ပြ သင်ကြားပေးခဲ့ကြောင်း သိရသည်။
ယဉ်မော် (ပြန်/ဆက်)