အမြို့မြို့အနယ်နယ်သတင်းများ

Jun 21,2024
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်အတွင်းနေထိုင်လျက်ရှိသော လျှပ်စစ်ဓာတ်အားသုံးစွဲနေသည့် ပြည်သူများအနေဖြင့် ဓာတ်အားသုံးစွဲခများကို သတ်မှတ်ရက်များအတိုင်းပေးဆောင်ကြရန်၊ ပေးဆောင်ခြင်းပျက်ကွက်ခဲ့ပါက လျှပ်စစ်ဓာတ်အားဖြတ်တောက်ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း ယမန်နေ့တွင် မြို့နယ်လျှပ်စစ်မန်နေဂျာထံမှ သိရှိရသည်။
Jun 21,2024
အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့(အကြို)ဟောပြောပွဲ၊ ပြပွဲနှင့် ပြိုင်ပွဲများကို ယမန်နေ့နံနက် ၁၀ နာရီက လယ်ဝေးမြို့၊ အောင်းကုန်းရွာ၊ အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပသည်။
Jun 21,2024
စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်စွမ်းရည်ပြိုင်ပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်ရုံး Community Centre ခန်းမတွင် ဇွန် ၁၉ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
Jun 21,2024
ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ယာဉ်တိုက်မှုကြောင့် နှစ်စဉ်အသက်ပေါင်းများစွာ ဆုံးရှုံးမှုမဖြစ်ပေါ်ရေးနှင့် စည်းကမ်းလိုက်နာ၍ ဘေးအန္တရာယ် ကင်းဝေးရေးတို့အတွက် ဇလွန်မြို့တွင် မော်တော်ယာဉ်မောင်းနှင်သူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းစစ်ဆေးပညာပေးခြင်းကို မြို့အဝင်၌ ယမန်နေ့ နံနက် ၁၁ နာရီတွင် ဆောင်ရွက်ခဲ့ကြသည်။
Jun 21,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ၊ သဘာဝဘေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၉ နာရီက ပန်းဘဲစုကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျင်းပပြုလုပ်ခဲ့သည်။
Jun 21,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ဇွန်လ ၁၉ ရက်နေ့ နေ့လယ်ပိုင်းတွင် မြို့နယ်ကြက်ခြေနီအသင်းက စိတ်ပိုင်းဆိုင်ရာ အားပေးကူညီခြင်း အသိပညာပေးဟောပြောပွဲကို အခြေခံပညာအထက်တန်းကျောင်း(ပေါင်းတည်)တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။