ပြည် ဇူလိုင် ၄
ပြည်မြို့၊ ဇီးအုပ်ကျေးရွာ တောင်သူလယ်သမားသင်တန်းကျောင်း၌ ယနေ့နံနက်ပိုင်းက ဇူလိုင်လ ၆ ရက်နေ့တွင်ကျရောက်မည့် (၁၀၂)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ "သမဝါယမနေ့"ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဝါစိုက်သမဝါယမအသင်းသားတောင်သူများအား ပြည်မြို့နယ်သမဝါယမဦးစီးဌာနမှ ကြီးမှူး၍ ဝါစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး နည်းပညာပေးသင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ရှေးဦးစွာ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်က သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ လမ်းညွှန်အမှာစကားပြောကြားခဲ့သည်။
အဆိုပါသင်တန်းသို့ ပြည်ခရိုင်အတွင်းရှိ ပြည်မြို့နယ်မှ ဝါစိုက်သမဝါယမအသင်းသား တောင်သူ (၃၅)ဦးနှင့် ပေါက်ခေါင်းမြို့နယ်မှ ဝါစိုက်သမဝါယမအသင်းသားတောင်သူ (၄၅)ဦး၊ စုစုပေါင်းသင်တန်းသား (၈၀)ဦး တက်ရောက်ကြပြီး သင်တန်းနည်းပြ (၅)ဦးတို့က စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းသိရပြီး သင်တန်းဖွင့်ပွဲသို့ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ သင်တန်းသား၊တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကိုစိုး(ပြန်/ဆက်)