မိုင်းနောင် ဇူလိုင် ၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ အမှတ်(၄)ရပ်ကွက်တွင် မီးငြှိမ်းသတ်ခြင်း အသိပညာပေးနှင့် သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းများကို ယနေ့နံနက် (၁၀)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
မီးငြှိမ်းသတ်ခြင်းအသိပညာပေးနှင့် သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းများကို မိုင်းနောင်မြို့ မီးသတ်စခန်းမှ လက်ထောက်ဦးစီးမှူး ကျော်ဇင်ဦးက မီးအခြေခံသဘောတရား၊ မီးလောင်မှုအကြောင်းအရင်း၊ မီးလောင်မှုအမျိုးအစား၊ အရေးပေါ် မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများအကြောင်းကို အသိပညာပေးပြောကြားကာ မီးသတ်တပ်ဖွဲ့ဝင်များက မီးလောင်မှုဖြစ်ပွားပါက မီးငြှိမ်းသတ်နည်း၊ မီးသတ်ဆေးဗူး ကိုင်တွယ်အသုံးပြုပုံနှင့် ရေစိုလေ့ကျင့်ခြင်းများ လက်တွေ့အသုံးပြုသရုပ်ပြခဲ့ကြောင်း သိရှိရသည်။
အဆိုပါ သရုပ်ပြပွဲသို့ မိုင်းနောင်တပ်နယ်မှ ဗိုလ်မှူးကြီးဇော်ဇော်ထွန်း၊ ကျေးသီးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထူးထက်၊ မြို့အုပ်ချုပ်ရေးမှူး ဦးစည်သူထွန်းနှင့် ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များမှ တပ်ဖွဲ့၀င်များ၊ မြို့ပေါ်ရပ်ကွက်များမှ မိဘပြည်သူများ ကြည့်ရှုခဲ့ကြောင်း သိရှိရသည်။
မိုးသောက်(မိုင်းနောင်)