စားသုံးရန်မသင့်ကြောင်း ကြော်ငြာထားသည့် အစားအသောက်များနှင့် သက်တမ်းကုန်မုန့်များ ရောင်းချခြင်းရှိ/မရှိ ရှောင်တခင်စစ်ဆေး

မြို့သစ် ဇူလိုင် ၄

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ မြို့မစျေးကြီးအတွင်း ကုန်စုံဆိုင်များအား စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ရောင်းချခြင်း ရှိ/မရှိ ရှောင်တခင် ဝင်ရောက်စစ်ဆေးခြင်းကို တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက ရှောင်တခင်ဝင်ရောက် စစ်ဆေးခဲ့သည်။

ထိုသို့ စစ်ဆေးရာ၌ မကွေးတိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)မှ တာဝန်ရှိသူများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာ ယာရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များပါဝင်သော ဌာနဆိုင်ရာတာဝန်ရှိသူများသည် မြို့မစျေးကြီးအတွင်းရှိ ကုန်စုံဆိုင်များတွင် တရားဝင်လိုင်စင်နှင့် သက်တမ်းလွန် ဆေးဝါးများ၊ စပ်ဆေးများ၊ တရားမဝင် ဆေးဝါးများ ရောင်းချမှုရှိ/မရှိနှင့် အခွန်ပေး ဆောင်မှုရှိ/မရှိတို့ကို စစ်ဆေးပြီး စျေးဆိုင်များတွင် လူကိုအန္တရာယ်ဖြစ်စေနိုင်သော အစားအစာများနှင့် အခြေခံစားသောက်ကုန်များ သတ်မှတ်စျေးနှုန်းအတိုင်း ရောင်းချမှုရှိ/မရှိတို့ကို ရှောင်တခင်ဝင် ရောက်စစ်ဆေးခဲ့ပြီး တွေ့ရှိသိမ်းဆည်းခဲ့သည့် စားသုံးရန်မသင့်ကြောင်း ကြော်ငြာထားသည့် အ စားအသာက်များနှင့် သက်တမ်းကုန်မုန့်များကို သိမ်းဆည်းဖျက်ဆီးခဲ့ပြီး "ပဲသွေး ၊ ပဲပြား ၊ မျှစ် ၊ ဂျင်း ၊ ငရုတ်သီးမှုန့် ၊အရောင်တင်မှုန့်၊ နနွင်းမှုန့်တို့အား (F.D.A) မှ MOBILE  LABORATORY ဓာတုဆေးဝါး စမ်းသပ်စစ်ဆေးရေးယာဥ်ပေါ်တွင် လက်တွေ့စစ်ဆေးခဲ့ကြောင်း သိရသည်။

သန်းဝင်းထွန်း (ပြန်ဆက်)