ဟင်္သာတမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါကူးစက်မှု ကြိုတင်ကာကွယ် တိုက်ဖျက်ရေးဆွေးနွေးပွဲ အခမ်းအနားကျင်းပ

ဟင်္သာတ ဇူလိုင် ၄

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ ဟင်္သာခန်းမ၌ သွေးလွန်တုပ်ကွေးရောဂါကူးစက်မှု ကြိုတင်ကာကွယ် တိုက်ဖျက်ရေး အသိပညာပေး ဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ ဟင်္သာတခရိုင်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ နေခြည်ထက်ထက်လင်းအောင်နှင့် တာဝန်ရှိသူများ၊ ဟင်္သာတမြို့နယ် ခေတ္တမြို့နယ်ပညာရေးမှူး ဦးအောင်စိုးနှင့် ပညာရေးဌာန တာဝန်ရှိသူများ၊ ဟင်္သာတမြို့နယ်အတွင်းရှိ  မူလတန်းကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ကျောင်းစုခေါင်းဆောင်များ၊ ဆရာ/ဆရာမများ စုစုပေါင်း (၁၅၀) ဦးခန့် တက်ရောက်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားတွင် ဆရာကြီးဦးအောင်စိုးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ နေခြည်ထက်ထက်လင်းအောင်က မိမိတို့မြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါကူးစက်မှု အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှ ဦးစီးအရာရှိ ဒေါ်မေသန္တာက ကြိုတင်ကာကွယ် တိုက်ဖျက်ရေးနှင့်ပတ်သက်၍ လုပ်ဆောင်ရမည့်အချက်များ၊ သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ရမည့် လုပ်ငန်းများကို အသိပေးညှိနှိုင်းဆွေးနွေးခြင်း၊ တက်ရောက်လာကြသော ကျောင်းအုပ်ကြီးများမှ သိရှိလိုသည်များကို ပြန်လည်ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)