အမြို့မြို့အနယ်နယ်သတင်းများ

Jul 12,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်းပြီး ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်ထက်မြက်စေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ကျင်းပသည့် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြို မူလတန်း၊ အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီက ပွင့်ဖြူမြို့နယ် ကံသာကြီးကျေးရွာအခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
Jul 12,2024
၂၀၂၄ ခုနှစ်၊ (၁၄) ကြိမ်မြောက်၊ စုပေါင်း ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း က မွန်ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ နှစ်စဉ်ကျင်းပပြုလုပ်မြဲဖြစ်သည့် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယခုနှစ်မှာလည်း အောင်မြင်စွာကျင်းပြုလုပ်သွားမှာဖြစ်ပြီး ဆရာတော်သံဃာတော်တွေကို ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းသွားမှာဖြစ်ကြောင်း၊ လုပ်ငန်းကော်မတီဝင်များအနေဖြင့် တာဝန်ယူ ဆောင်ရွက်ရမည့်လုပ်ငန်းများကို လစ်ဟာမှုမရှိစေဘဲ အပြန်အလှန် ညှိနှိုင်းဆောင်ရွက်သွားကြဖို့လိုကြောင်း ပြောကြားခဲ့သည်။
Jul 12,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် (၇၇)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲများကို ယမန်နေ့နံနက်(၉)နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ကဘော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Jul 12,2024
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ဆန်စက်နှင့် ဆန်လုပ်ငန်းရှင်များအသင်းမှ စားသုံးသူပြည်သူများအား အရည်အသွေးကောင်းမွန်သော ဧည့်မထဆန်တစ်ပြည်လျှင် (၃၀၀၀)ကျပ်နှုန်းဖြင့် ရောင်းချပေးခြင်းကို ယနေ့နံနက် (၈)နာရီက အနောက်ရပ်မြောက်ပိုင်းရပ်ကွက် အလင်းရောင်ဘုန်းတော်ကြီးကျောင်းတွင် ရောင်းချပေးလျက်ရှိသည်။
Jul 12,2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဝေါမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသယံဇာတပေါများကြွယ်ဝစေရန်နှင့် ငါးထုတ်လုပ်မှုတိုးတက်စေရန်အတွက် ငါးမျိုးစိုက်ထည့်ခြင်းကို ယမန်နေ့နံနက် (၉) နာရီအချိန်က ဝေါမြို့ကန်တော်ရပ်ကွက်ရှိ ပဲခူး -စစ်တောင်းတူးမြောင်းအတွင်းသို့ ငါးမျိုးများစိုက်ထည့်ပွဲကို တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ ပူးပေါင်းကျင်းပခဲ့ကြောင်း သိရသည်။
Jul 12,2024
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေး​မြို့နယ် စမတောင် မဟာပရဟိတလူငယ်ဖွံ့ဖြိုးရေးကျောင်းတွင် ယမန်နေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်​ရေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့သည်။
Jul 12,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့ရုံး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ ဗဟုသုတရရှိစေရန်၊ အားလပ်ချိန်များကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ စဉ်းစားတွေးခေါ်မှုဉာဏ်များ ရင့်သန်လာစေရန်၊ အမှားနှင့်အမှန်ဝေဖန် ပိုင်းခြားတတ်စေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာကြည့်တိုက်သို့ မလာရောက်နိုင်သော စာပေချစ်မြတ်နိုးသူများအတွက်ရည်ရွယ်၍ ယမန်နေ့မွန်းလွဲ (၂) နာရီ အချိန်က ဌာနဆိုင်ရာရုံးများအရောက် စာအုပ်၊ စာစောင်များကို နယ်လှည့်ကွင်းဆင်းငှားရမ်း ပေးခဲ့​သည်။
Jul 12,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့မွန်းလွဲ ၁ နာရီက အမှတ်(၇)အခြေခံပညာမူလတန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။