အမြို့မြို့အနယ်နယ်သတင်းများ

Jul 11,2024
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ရွှေကျင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ပြည်သူများ ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရန်အတွက် သား/ငါးနှင့် စားသောက်ကုန်ပစ္စည်းများအား မြို့နယ်စည်ပင်သာယာ‌ရုံးရှေ့၌ ယနေ့နံနက်ပိုင်းက ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
Jul 11,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် အစည်းအဝေးခန်းမတွင် မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ လစဥ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
Jul 11,2024
သန်လျင်ခရိုင် သန်လျင်မြို့နယ်အတွင်း မိုးရာသီကာလတွင် ဖြစ်ပွားမှုများပြားနိုင်သည့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုများကို ယမန်နေ့နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း လာရောက်ကြည့်ရှု့စစ်ဆေးသည်။
Jul 11,2024
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျောင်းသား၊ ကျောင်းသူများ ကာယဉာဏဖွံ့ဖြိုးတိုးတက်စေရန်၊ စာအုပ်စာပေများအား ဖတ်ရှုလေ့လာလိုသည့် အလေ့အကျင့်ကောင်းများရရှိလာစေရန်၊ တစ်ဦးနှင့် တစ်ဦးအပြန်အလှန်ဆွေးနွေးရာမှ အသိပညာဗဟုသုတများတိုးပွားလာစေရန်၊ ပူးပေါင်းဆောင်ရွက်လိုသည့် စိတ်ဓာတ်များ ဖြစ်ပေါ်လာစေရန်၊ စာဖတ်ရှိန်မြှင့်တင်ဆောင်ရွက်ခြင်းဖြင့် စာဖတ်ခြင်းအကျိုးကျေးဇူးများကို သိရှိနားလည်စေရန်ရည်ရွယ်၍ (Youth Club) အဖွဲ့ဝင် ကျောင်းသား၊ ကျောင်းသူများနှင့် ပူးပေါင်း၍ စာရေးဆရာမ ခင်စောတင့်ရေးသားသည့် “စိတ်ကိုလှပအောင်ပြင်နည်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် (၁၁) နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့သည်။
Jul 11,2024
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းပတ္တမြားခန်းမ၌ ယနေ့ နံနက် ၉ နာရီအချိန်က ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်မည့်(၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်သည်။
Jul 11,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ရေသျှံကြီးကျေးရွာအုပ်စု၊ ရေသျှံကြီးကျေးရွာအတွက် မိုးစပါးစိုက်ပျိုးနိုင်စေရန်အတွက် မိုးရာသီစိုက်ပျိုးရေးစရိတ်ချေးငွေများ ထုတ်ချေးပေးခြင်းကို ယနေ့နံနက်ပိုင်းက မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။