သရက်မြို့၌ ဆန်စက်နှင့် ဆန်လုပ်ငန်းရှင်များအသင်းမှ စားသုံးသူပြည်သူများအား ဆန်တစ်ပြည် (၃၀၀၀)ကျပ်နှုန်းဖြင့် ရောင်းချပေးလျက်ရှိ

သရက် ဇူလိုင် ၁၂

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ဆန်စက်နှင့် ဆန်လုပ်ငန်းရှင်များအသင်းမှ စားသုံးသူပြည်သူများအား အရည်အသွေးကောင်းမွန်သော ဧည့်မထဆန်တစ်ပြည်လျှင် (၃၀၀၀)ကျပ်နှုန်းဖြင့် ရောင်းချပေးခြင်းကို ယနေ့နံနက် (၈)နာရီက အနောက်ရပ်မြောက်ပိုင်းရပ်ကွက် အလင်းရောင်ဘုန်းတော်ကြီးကျောင်းတွင် ရောင်းချပေးလျက်ရှိသည်။

အဆိုပါ ဆန်ရောင်းချပေးရာတွင် အများပြည်သူများ ဈေးနှုန်းသက်သာစွာနှင့် စားသုံးနိုင်ရေးအတွက် တစ်အိမ်ထောင် (၂)ပြည်နှုန်းဖြင့် ဆန်အိတ် (၁၅)အိတ် ရောင်းချပေးနေမှုကို စားသုံးသူရေးရာဦးစီးဌာနတို့က ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇော်ထက်(သရက်)