လယ်ဝေး ဇူလိုင် ၁၂
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ် စမတောင် မဟာပရဟိတလူငယ်ဖွံ့ဖြိုးရေးကျောင်းတွင် ယမန်နေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ရေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့သည်။
အဆိုပါ လုပ်ငန်းများအားလယ်ဝေးမြို့ ခုတင် ၁၀၀ ဆေးရုံအုပ် ဒေါက်တာနန္ဒာကျော်ဦးဆောင်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် စမတောင်ကျေးလက်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ဝမ်းပျက်ဝမ်းလျှောရောဂါနှင့်ပတ်သက်၍ အုပ်စုခွဲ၍ ကျန်းမာရေးပညာပေးခြင်း၊ စားဖိုဆောင်၊ လက်ဆေးကန်များ၊ ရေတွင်းရေကန်များ၊ အိမ်သာများ၊ အမှိုက်စွန့်ပစ်သည့်နေရာများကို စစ်ဆေးခြင်း၊ ကလိုရင်းခပ်ခြင်း၊ အဘိတ်ခတ်ခြင်း၊ ခြင်ဆေးမှုတ်ခြင်း၊ ဆေးကုသပေးခြင်းလုပ်ငန်းများအား ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဝေကြည်(ပြန်/ဆက်)