ဝေါမြို့၌ ပဲခူး - စစ်တောင်းတူးမြောင်းအတွင်းသို့ ငါးမျိုးစိုက်ထည့်ပွဲကျင်းပ

ဝေါ ဇူလိုင် ၁၂

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဝေါမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသယံဇာတပေါများကြွယ်ဝစေရန်နှင့် ငါးထုတ်လုပ်မှုတိုးတက်စေရန်အတွက် ငါးမျိုးစိုက်ထည့်ခြင်းကို ယမန်နေ့နံနက် (၉) နာရီအချိန်က ဝေါမြို့ကန်တော်ရပ်ကွက်ရှိ ပဲခူး -စစ်တောင်းတူးမြောင်းအတွင်းသို့ ငါးမျိုးများစိုက်ထည့်ပွဲကို တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ ပူးပေါင်းကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ငါးမျိုးများစိုက်ထည့်ရာတွင် ပဲခူးခရိုင်ငါးလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇော်မြင့်နိုင်နှင့် မြို့နယ်ငါးမျိုးစိုက်ထည့်ခြင်း ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းကိုကိုနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးသိန်းကိုကိုထွန်းနှင့် ဝန်ထမ်းများ၊ ပဲခူးငါးသားပေါက်စခန်းမှ တာဝန်ခံဦးသူရမိုးအောင်နှင့် မြို့နယ်ငါးလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌနှင့် ငါးမွေးမြူရေးလုပ်ငန်းရှင်များ၊ တက်ရောက်ကာ ငါးမြစ်ချင်းသားပေါက် (၁၀၀၀၀၀)၊ ငါးခုံးမကြီးသားပေါက် (၁၀၀၀၀၀) ကောင် စုစုပေါင်း ငါးသားပေါက်(၂၀၀၀၀၀) ကောင်တို့အား ပဲခူး-စစ်တောင်းတူးမြောင်းအတွင်းသို့ ငါးမျိုးများ စိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။

အောင်မြတ်လင်း (ပြန် /ဆက်)