အမြို့မြို့အနယ်နယ်သတင်းများ

Jul 12,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်တွင် ဧရာဝတီမြစ်ကမ်း မြေနိမ့်ပိုင်းရပ်ကွက်နှင့် ကျေးရွာများတွင် ရေများဝင်ရောက်လျက်ရှိသောကြောင့် လူနှင့် ကျွဲ၊ နွား တိရစ္ဆာန်များအား ရေလွတ်ရာ ကုန်းမြင့်ပိုင်းဒေသများသို့ ရွေ့ပြောင်းထားရကြောင်း မင်းဘူးမြို့ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ သိရသည်။
Jul 12,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်ရဲတပ်ဖွဲ့ဝင်များသည် ဇူလိုင်လ ၈ရက် ညနေ ၅ နာရီအချိန်မှစတင်၍ ည ၈ နာရီ အချိန်ထိ တောင်ငူမြို့နယ်အတွင်း တရားဥပဒေစိုးမိုးရေးအတွက် နယ်မြေလှည့်ကင်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
Jul 12,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့ စွမ်စော်မူလတန်းလွန်ကျောင်း၌ လူငယ်များ အသိပညာဗဟုသုတတိုးပွားလာစေရန် လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် (၁၀)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
Jul 12,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် နေရှင်နယ်ပရဟိတ ဘုန်းတော်ကြီး သင်အခြေခံပညာအလယ်တန်းကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများကကျောင်းသား၊ ကျောင်းသူများ အာဇာနည်နေ့ကို အမှတ်တရရှိစေရန်ရည်ရွယ်၍ (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ ပြိုင်ပွဲနှင့်ပြပွဲများကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲကြောင်း သိရသည်။
Jul 12,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ရေဘေးနှင့်မြေပြိုဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ ညနေ (၄) နာရီအချိန်က လိုက်လံဆောင်ရွက်ခဲ့ကြသည်။
Jul 11,2024
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တေဇာရာမဘုန်းတော်ကြီးသင် ပညာရေးကျောင်းတို့ ပူးပေါင်း၍ ဇူလိုင်(၁၉)ရက်နေ့တွင် ကျရောက်သည့် (၇၇)နှစ်မြောက် အာဇာနည်နေ့ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ(၁)နာရီက တေဇာရာမဘုန်းတော်ကြီးသင်ပညာ‌ရေးကျောင်း၌ ကျင်းပသည်။
Jul 11,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ နွယ်ချို(၂)ရပ်ကွက်၊ အခြေခံပညာမူလတန်းကျောင်း (သိမ်ကြီး) တွင် ယနေ့မွန်းလွဲ(၁)နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပညာရေးဦးစီးဌာနနှင့်ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်‌ရေး အသိပညာပေးဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက် ဆောင်ရွက်ပြုလုပ်သည်။