တမူးမြို့တွင် (၇၇)နှစ်မြောက်အာဇာနည်‌နေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး ပြိုင်ပွဲများကျင်းပ

တမူး ဇူလိုင် ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် (၇၇)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲများကို ယမန်နေ့နံနက်(၉)နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ကဘော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါပြိုင်ပွဲများ ကျင်းပပြုလုပ်ရာတွင် အခြေခံပညာအလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် အာဇာနည်နေ့နှင့်လူငယ်တို့၏တာဝန်၊ အထက်တန်းအဆင့်တွင် ဖွံ့ဖြိုးတိုးတက်လာသော နိုင်ငံတော်သစ်ဆီသို့ခေါင်းစဉ်ဖြင့်လည်းကောင်း အလယ်တန်းအဆင့်ကဗျာပြိုင်ပွဲတွင် မြင့်မြတ်တည်ကြည် အာဇာနည်အထက်တန်းအဆင့်တွင် အာဇာနည်ဟုခေါ်သည် ခေါင်းစဉ်များဖြင့်လည်းကောင်း အထက်တန်းအဆင့် ဆောင်းပါးပြိုင်ပွဲတွင် အမျိုးသားရေးတာဝန်နှင့် အာဇာနည်ခေါင်းစဉ်များဖြင့် စုစုပေါင်းအထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၁၂၄)ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ရတနာ