အမြို့မြို့အနယ်နယ်သတင်းများ

Jul 12,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့တွင် ကျောင်းသားလူငယ်များ အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်များ ကွင်းဆင်းငှားရမ်းပေးခြင်းကို ယမန်နေ့ညနေပိုင်းက အ.လ.က(ခွဲ)ကျိုင်းလွန်းကျောင်း၌ ပြုလုပ်ခဲ့သည်။
Jul 12,2024
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် ဧရာဝတီမြစ်ရေဝင်ရောက်သည့် ကျေးရွာများအား မြို့နယ်သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများကွင်းဆင်း၍ ရေဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးလုပ်ငန်းများကို ယမန်နေ့က ကွင်းဆင်းစီမံ ဆောင်ရွက်သည်။
Jul 12,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ​တောင်တွင်းကြီးမြို့နယ် မြို့မအခြေခံပညာအလယ်တန်းကျောင်းတွင် ​သွားနှင့်ခံတွင်းကျန်းမာရေး၊ မျက်ခမ်းစပ်ရောဂါကာကွယ်​ရေး စစ်ဆေးပေးခြင်းနှင့် အသိပညာ​ပေး​ဟော​ပြောပွဲ အခမ်းအနားကို ယမန်​နေ့မွန်းလွဲ (၁)နာရီခွဲအချိန်က ​ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။
Jul 12,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်အတွင်း မွေးမြူရေးလုပ်ငန်းများ ပိုမိုဖြစ်ထွန်းအောင်မြင်စေရန်အတွက် ယနေ့နံနက်ပိုင်းတွင် မြို့နယ်အတွင်းရှိ ကျေးရွာများသို့သွားရောက်၍ တောင်သူများ၏ မွေးမြူထားသည့် ကျွဲ၊ နွားများအား ခွာနာလျှာနာရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
Jul 12,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ယခုရက်ပိုင်းတွင် ဧရာဝတီမြစ်ရေ တဖြည်းဖြည်းမြင့်တက်လာပြီး မြစ်ရေဝင်ရောက်မှုများကြောင့် ဧရာတီမြစ်ကမ်းဘေးရှိ မြေနိမ့်ပိုင်း မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအချို့တွင် မြစ်ရေများ စတင်ဝင်ရောက်နေပြီဖြစ်ကာ စာသင်ကျောင်း (၅)ကျောင်း ယာယီပိတ်ထားရကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
Jul 12,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့(ကျိုင်းတုံ)မှ ကြီးမှူးဖွင့်လှစ်သည့် နယ်ထိန်း(အခြားအဆင့်) (မွမ်းမံ)သင်တန်းအမှတ်စဉ်(၁/၂၀၂၄)ဆင်းပွဲကို ယနေ့နံနက် ၈ နာရီက ကျိုင်းတုံမြို့၊ အမှတ်(၁)ရပ်ကွက်၊ သစ်တစ်ပင်တောင်၊ မြဝတီရဲသင်တန်းခန်းမ၌ ကျင်းပသည်။
Jul 12,2024
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် မိသားစုဝင်ငွေတိုးစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ နဝမစက်ဝန်း ထုတ်ချေးခြင်းကို ယမန်နေ့နေ့လယ်ပိုင်းက စည်သာကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jul 12,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းအစုအဖွဲ့များထံသို့ ဒုတိယအကြိမ် ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။