Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မအူပင်မြို့၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးနှင့် ကျန်းမာရေးအသိပညာပေးခြင်းများ ကွင်းဆင်းဆောင်ရွက်
Jul 12,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးနှင့် ကျန်းမာရေးအသိပညာပေးခြင်းများအား ယမန်နေ့နံနက်ပိုင်းက အမှတ်(၁၂)ရပ်ကွက်ရှိ တိုးမြစ်ကမ်းနံဘေးတွင် နေထိုင်ကြသည့် နေအိမ်များသို့ သွားရောက်ကွင်းဆင်းဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
တောင်ငူခရိုင် လူထုအခြေပြုဗဟိုဌာန၌ ရုံးစာရေးသားနည်းသင်တန်း (၃/၂၀၂၄) သင်တန်းဖွင့်လှစ်
Jul 12,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ဝန်ထမ်းများရုံးလုပ်ငန်းဆောင်ရွက်ရာတွင် ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်တတ်စေရန်ရည်ရွယ်၍ ရုံးစာရေးသားနည်းသင်တန်း (၃/၂၀၂၄) ကို ယမန်နေ့နံနက် (၉) နာရီခွဲအချိန်က ဖွင့်လှစ်သည်။
အပြည့်အစုံ ဖတ်ရန်
လဲချားမြို့တွင် ဌာနဆိုင်ရာရုံးများသို့ စာအုပ်၊ စာစောင်များ ကွင်းဆင်းငှားရမ်းပေး
Jul 12,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ပြည်သူများဗဟုသုတရရှိစေရန်၊ အားလပ်ချိန်များကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ စဉ်းစားတွေးခေါ်မှုဉာဏ်များ ရင့်သန်လာစေရန်၊ အမှားနှင့်အမှန်ဝေဖန်ပိုင်းခြားတတ်စေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာကြည့်တိုက်သို့ မလာရောက်နိုင်သော စာပေချစ်မြတ်နိုးသူများအတွက် ရည်ရွယ်၍ ယနေ့နံနက် (၁၀)နာရီအချိန်က ဌာနဆိုင်ရာရုံးများအရောက် စာအုပ်၊ စာစောင်များ နယ်လှည့်ကွင်းဆင်း ငှားရမ်းပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျွန်းလှမြို့နယ်၌ ကျောင်းပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး မိုးရာသီသစ်ပင်စိုက်ပျိုး
Jul 12,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် အင်းကောင်းကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း၌ ကျောင်းပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး၊ ရာသီဥတုသင့်တင့်မျှတရေး၊ သစ်တောသစ်ပင် ချစ်မြန်နိုးစေရန်ရည်ရွယ်၍ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ပခုက္ကူမြို့နယ်တွင် ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် စာသင်ကျောင်း (၂၅) ကျောင်း ယာယီပိတ်ထားရ
Jul 12,2024
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် အခြေခံပညာစာသင်ကျောင်း (၂၅) ကျောင်း၌ မြစ်ရေများဝင်ရောက်ခဲ့သဖြင့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ဘေးအန္တရာယ်ကင်းဝေစေရန်အတွက် ယမန်နေ့မှစတင်ပြီး ယာယီပိတ်ထားခဲ့ရကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းတုံမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ မိုးရာသီကာလ သစ်ပင်စိုက်ပျိုးပွဲတော် ဒုတိယအကြိမ် ကျင်းပ
Jul 12,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်ရှိ ခလရ(၁၇၇)တပ်ရင်းဝန်းတွင် ၂၀၂၄ ခုနှစ် မိုးရာသီကာလအတွင်း ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးအတွက် မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစောတင်မြင့်ဦးဆောင်၍ ဝန်ထမ်းများနှင့် သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၇ နာရီခွဲအချိန်က ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဗန်းမော်မြို့တွင် ဧရာဝတီမြစ်ရေ ပြန်လည်ကျဆင်းသွားသောနေရာများ၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
Jul 12,2024
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့တွင် ဧရာဝတီမြစ်ရေ ပြန်လည်ကျဆင်းသွားသောကြောင့် ဘုန်းတော်ကြီးကျောင်းများနှင့် အိမ်များတွင် ကျန်ရှိနေသော နုန်းမြေများ၊ အမှိုက်များ၊ ရွံ့စေးများကို ဗန်းမော်ခရိုင်မီးသတ်ဦးစီးဌာနမှ ယမန်နေ့နံနက် ၈ နာရီခွဲတွင် စုပေါင်းသန့်ရှင်းရေးပြုလုပ်ပေးခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ကန့်ဘလူ၌ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ဖွင့်လှစ်ခဲ့သော ကွန်ပျူတာအခြေခံသင်တန်း ( ၄/၂၀၂၄) ဆင်းပွဲကျင်းပ
Jul 12,2024
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် လူငယ်လူရွယ်များနှင့် ဒေသခံပြည်သူများ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ကွန်ပျူတာပညာရပ်များကို စနစ်တကျ ကျွမ်းကျင်တတ်မြောက်စေရန်၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်ရည်ရွယ်၍ ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ကွန်ပျူတာအခြေခံသင်တန်း အမှတ်စဥ်( ၄/၂၀၂၄)ဆင်းပွဲကို ယမန်နေ့မွန်းလွဲ ၁၂ နာရီခွဲက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
4496
Page
4497
Page
4498
Page
4499
Current page
4500
Page
4501
Page
4502
Page
4503
Page
4504
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department