အမြို့မြို့အနယ်နယ်သတင်းများ

Jul 18,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေ အမှတ်ထက်ကျော်လွန်ရောက်ရှိနေပြီး ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် အခြေခံပညာစာသင်ကျောင်း (၁၃) ကျောင်းယာယီပိတ်ထားရကြောင်း သိရသည်။
Jul 18,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် အုတ်တွင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများအား အာဇာနည်နေ့ဖြစ်ပေါ်လာပုံသမိုင်းအ​​ကြောင်း သိရှိစေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲပိုင်းက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jul 18,2024
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏အစီအစဉ်ဖြင့် ပြည်သူများထံ သက်သာ‌သောဈေးနှုန်းဖြင့် စားအုန်းဆီများကို ယမန်နေ့နံနက်ပိုင်းက ကံ့ကော်ရပ်ကွက် အောင်ချမ်းသာ(၄)လမ်းထိပ်၌ ရောင်းချပေးခဲ့သည်။
Jul 18,2024
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်အတွင်း ဒေသဝမ်းစာဖူလုံရေးအတွက် နွေရာသီနှင့် မိုးရာသီကာလများတွင် စပါးများကို အားထားစိုက်ပျိုးကြရာ အလယ်ရွာကျေးရွာအုပ်စု တောင်သူ ဦးသိန်းဟန်ပါ တောင်သူ(၁၂)ဦး ကွင်းအမှတ်(၈၇၄)ရှိ ဆာဖိုးသာစပါးမျိုး နွေစပါးစံကွက်ရိတ်သိမ်းခဲ့သည်။
Jul 18,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ဧရာဝတီမြစ်ရေဝင်ရောက်မှု‌‌ ရေ‌ဘေးသင့်အိမ်‌ထောင်စုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဆန်၊ ဆီ ‌‌‌‌‌‌‌‌ထောက်ပံ့‌ပေးခြင်း ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဆန်ရိက္ခာဖိုးငွေထောက်ပံ့‌ပေးခြင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများစုပေါင်း၍ ကျန်းမာ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ရေးဆိုင်ရာအသိပညာပေးခြင်းကို ယမန်နေ့နေ့လယ်ပိုင်း မလွန်ကျေးရွာ စာကြောစာသင်တိုက်ရေဘေးကယ်ဆယ်ရေးစခန်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Jul 18,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ ‌အောင်လံမြို့နယ်၏ စိုးရိမ်ရေ အမှတ်မှာ (၂၅၅၀) cm ဖြစ်ပြီး ဇူလိုင်လ (၁၇) ရက်နေ့ တိုင်းတာချက်အရ စိုးရိမ်ရေအမှတ်ထက် (၅၇) cm ကျော်လွန်၍ (၂၆၀၇) cm သို့ ရောက်ရှိလျက်ရှိကြောင်း သိရသည်။
Jul 18,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီတွင် ဆန်တန်းရပ်ကွက် ကျီးပင်ဆိပ် မြစ်ကမ်းတစ်လျှောက်တွင် အသိပေးနှိုးဆော်ခဲ့ကြသည်။
Jul 18,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ ဇူလိုင်(၁၉)ရက်နေ့တွင် ကျ‌ရောက်မည့် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ဟောပြောပွဲကို ယမန်နေ့နံနက်(၉)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။