အောင်လံ ဇူလိုင် ၁၈
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ အောင်လံမြို့နယ်၏ စိုးရိမ်ရေ အမှတ်မှာ (၂၅၅၀) cm ဖြစ်ပြီး ဇူလိုင်လ (၁၇) ရက်နေ့ တိုင်းတာချက်အရ စိုးရိမ်ရေအမှတ်ထက် (၅၇) cm ကျော်လွန်၍ (၂၆၀၇) cm သို့ ရောက်ရှိလျက်ရှိကြောင်း သိရသည်။
ထို့ကြောင့် အောင်လံမြို့နယ်၌ ၂၀၂၄ ဇူလိုင်လ (၁၆) ရက်နေ့အထိ ဖွင့်လှစ်ထားသည့် ယာယီ ရေဘေးရှောင်စခန်း (၁၆) ခုတွင် စုစုပေါင်း အိမ်ထောင်စု (၆၂၃) စု၊ လူဦးရေ (၂၂၂၂) ဦးအား လက်ခံထားရှိပြီး ဇူလိုင်လ (၁၇) ရက်နေ့တွင် မကျီးကုန်းရပ်ကွက်မှ ရေဘေးရှောင် အိမ်ထောင်စု (၂) စု၊ လူဦးရေ (၆) ဦးအား လယ်ပြင်ဘုန်းကြီးကျောင်း၌ ထပ်မံလက်ခံထားရှိခဲ့ပြီး ရွာထောင်ရပ်ကွက်၌ ဆာပါအောင်တော်မူဓမ္မာရုံတွင် အိမ်ထောင်စု (၂၄) စု၊ လူဦးရေ (၉၇) ဦး လက်ခံထားရှိခဲ့ပြီး အိမ်ထောင်စု (၁၁) စု၊ လူဦးရေ (၄၆) ဦးတို့မှာ နီးစပ်ရာဆွေမျိုးများ နေအိမ်သို့လည်းကောင်း၊ ဆုတောင်းပြည့်ဘုရားဝန်းတွင် အိမ်ထောင်စု (၁၇) စု၊ လူဦးရေ (၇၃) ဦး လက်ခံထားရှိခဲ့ပြီး အိမ်ထောင်စု (၅) စု၊ လူဦးရေ (၂၂) ဦးတို့မှာ နီးစပ်ရာဆွေမျိုးများ နေအိမ်သို့လည်းကောင်း၊ ဆာပါအောင်တော်မူဓမ္မာရုံတွင် အိမ်ထောင်စု (၁၃) စု၊ လူဦးရေ (၅၁) ဦးနှင့် ဆုတောင်းပြည့်ဘုရားဝန်းတွင် အိမ်ထောင်စု (၁၂) စု၊ လူဦးရေ (၅၁) ဦး ကျန်ရှိပြီး အောင်လံမြို့၌ ဖွင့်လှစ်သည့် ရေဘေးရှောင်စခန်း (၁၆) ခုတွင် စုစုပေါင်းအိမ်ထောင်စု (၆၀၉) စု၊ လူဦးရေ (၂၁၆၀) ဦးအား လက်ခံထားရှိကြောင်း သိရသည်။
မျိုးသိန်း(ပြန်/ဆက်)