နတ်မောက် ဇူလိုင် ၁၈
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်အတွင်း ဒေသဝမ်းစာဖူလုံရေးအတွက် နွေရာသီနှင့် မိုးရာသီကာလများတွင် စပါးများကို အားထားစိုက်ပျိုးကြရာ အလယ်ရွာကျေးရွာအုပ်စု တောင်သူ ဦးသိန်းဟန်ပါ တောင်သူ(၁၂)ဦး ကွင်းအမှတ်(၈၇၄)ရှိ ဆာဖိုးသာစပါးမျိုး နွေစပါးစံကွက်ရိတ်သိမ်းခဲ့သည်။
အဆိုပါ နွေစပါးစံကွက်ရိတ်သိမ်းခြင်းကို နတ်မောက်မြို့နယ် ကျောက်တံခါး ဆည်ရေသောက်အလယ်ရွာ ကျေးရွာအုပ်စုအတွင်းရှိ ကွင်းအမှတ်(၈၇၄)ရှိ တောင်သူ ဦးသိန်းဟန်အပါ တောင်သူ(၁၂)ဦး၏ နွေစပါးမျိုးဖြစ်သည့် ဆာဖိုးသာ စံကွက်ရိတ်သိမ်းခဲ့ရာ တစ်ဧကအထွက်နှုန်းအစိုတင်း(၁၁၂)တင်းထွက်ရှိခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
နတ်မောက်မြို့နယ် အလယ်ရွာကျေးရွာတွင် နွေစပါးစံကွက်ရိတ်သိမ်းခြင်းသို့ မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် စိုက်ကြပ်အဖွဲ့ဝင်များနှင့် တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
လှဝင်း