အောင်လံမြို့၌ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် စာသင်ကျောင်းအချို့ ယာယီပိတ်ထား

အောင်လံ ဇူလိုင် ၁၈

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေ အမှတ်ထက်ကျော်လွန်ရောက်ရှိနေပြီး ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် အခြေခံပညာစာသင်ကျောင်း (၁၃) ကျောင်းယာယီပိတ်ထားရကြောင်း သိရသည်။

အဆိုပါ ရေဝင်စာကျောင်းများကို ဇူလိုင်လ (၁၅) ရက်မှစတင်၍ ယာယီပိတ်သိမ်းထားခဲ့ပြီး အ.ထ.က (ညောင်ပင်ဆိပ်)၊ မူလွန်(ကျော်စွာ)၊ လ(ခွဲ) ရွှေသူဌေး(မ)၊ အ.မ.က(မြင့်ဦး)၊ အ.မ.က(ရေဟိုင်း)၊ အ.ထ.က(၂) အောင်လံ၊ အ.ထ.က(ခွဲ)မွေရိုး၊ အ.မ.က-ကန်ကြီး(၁)၊ အ.ထ.က(ခွဲ)ငါ့ပြင်း၊ အ.လ.က-မိုးဖုံး၊ အ.လ.က-နံဇူပင်၊ အ.လ.က-ရေပြင်း၊ အ.မ.က-မြောက်ပိုင်း စသည့် အခြေခံပညာစာသင်ကျောင်း (၁၃) ကျောင်းမှ ဆရာ/ဆရာမများ၊ ကျောင်းသား/ သူများအား ရေဘေးကင်းဝေစေရန်အတွက် ယာယီပိတ်ထားကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။

မျိုးသိန်း(ပြန်/ဆက်)