Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
လေးမျက်နှာမြို့နယ်အတွင်း ငဝန်မြစ်ရေဝင်ရောက်သဖြင့် အခြေခံပညာကျောင်း (၃)ကျောင်း ယာယီပိတ်ထား
Jul 18,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းဝန်းအတွင်း ငဝန်မြစ်ရေဝင်ရောက်သဖြင့် အခြေခံပညာကျောင်း (၃)ကျောင်းအား ယာယီပိတ်ထားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
တာလေမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကျင်းပ
Jul 18,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီ က အ.မ.က(တပ်တွင်း)ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်၌ ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ရေဘေးကြုံတွေ့နေသည့် ဒေသခံပြည်သူများ စားသောက်ရေ အဆင်ပြေစေရန် သောက်ရေသန့်နှင့် ခေါက်ဆွဲခြောက်များ ထေ…
Jul 18,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေဘေးကြုံတွေ့နေသည့် ကျွဲဒိကျေးရွာအုပ်စု၊ ကူကြီးကျေးရွာ၊ ကြည်ကုန်းကျေးရွာနှင့် ဇေယျာမြိုင်ကျေးရွာရှိ ဒေသခံပြည်သူများ စားသောက်ရေး အဆင်ပြေစေရန်အတွက် ယမန်နေ့ မွန်းလွဲ (၂) နာရီက မြို့နယ်သဘာဝဘေးအန္တရာယ် လုပ်ငန်းကြီးကြပ်မှုကော်မတီက သောက်ရေသန့်နှင့် ခေါက်ဆွဲခြောက်များ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တောင်တွင်းကြီးမြို့၌ (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ပြုလုပ်
Jul 18,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ (၇၇) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်ပိုင်းအချိန်က လူထုအခြေပြုဗဟိုဌာန (community centre) ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သာယာဝတီမြို့နယ်တွင် မိုးစပါးပန်းတိုင်အထွက်နှုန်းကောင်းမွန်ရေး ဒေသခံတောင်သူများနှင့် တွေ့ဆုံ
Jul 18,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် မိုးစပါးစိုက်တောင်သူများနှင့်တွေ့ဆုံ၍ မိုးစပါး ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ယနေ့နံနက်ပိုင်းက အင်းရွာအုပ်စု၊ တောရကုန်းကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Jul 18,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဖြစ်သော အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ အသိပညာပေး ဗီနိုင်းများချိတ်ဆွဲခြင်း၊ လက်ကိုင်စပီကာများဖြင့် လိုက်လံအသိပေးနှိုးဆော်ခြင်းများကို မြို့နယ်အတွင်းရှိ ဈေးများ၊ ရပ်ကွက်များ၊ အခြေခံပညာကျောင်းများ စသည့် လူစည်ကားသည့်နေရာများတွင် အရှိန်အဟုန်မြှင့် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တောင်တွင်းကြီးမြို့နယ် ပြည်သူစာကြည့်တိုက်တွင် (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ
Jul 18,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲကို ယနေ့နံနက် (၉) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (community centre) ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကယားပြည်နယ်ဝန်ကြီးချုပ် ကယားပြည်နယ် မီးသတ်တပ်ဖွဲ့ဝင်များနှင့်တွေ့ဆုံ၍ ဝတ်စုံနှင့် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်
Jul 18,2024
ကယားပြည်နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့်တွေ့ဆုံ၍ ဝတ်စုံနှင့်အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ပြည်နယ်မီးသတ်ဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် ပြည်နယ်မီးသတ်တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
4472
Page
4473
Page
4474
Page
4475
Current page
4476
Page
4477
Page
4478
Page
4479
Page
4480
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department