အုတ်တွင်း ဇူလိုင် ၁၈
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် အုတ်တွင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများအား အာဇာနည်နေ့ဖြစ်ပေါ်လာပုံသမိုင်းအကြောင်း သိရှိစေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲပိုင်းက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်ခင်မူမူဝင်းက ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ( ၁၉)ရက်နေ့တွင်ကျရောက်မည့် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အနေဖြင့် အာဇာနည်နေ့ဖြစ်ပေါ်လာပုံသမိုင်းအကြောင်းအရာများ၊ အာဇာနည်စိတ်ဓာတ်၊ အောင်ဆန်းစသော မျိုးချစ်သူရဲကောင်းများစသည့်အကြောင်းအရာများကို အသိပညာပေးဟောပြောပေးခဲ့ကြောင်းနှင့် စာဖတ်သည့်အလေ့အကျင့်များရရှိစေရန်ရည်ရွယ်၍ စာအုပ်စာစောင်များပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)