Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အခြေခံလျှပ်စစ် House Wiring And Appliance သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက်
Jul 22,2024
မွန်ပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးရေး လုပ်ငန်းဆပ်ကော်မတီမှ ဖွင့်လှစ်သည့် အခြေခံလျှပ်စစ် House Wiring And Appliance သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ စမ်းကြီးရပ်၊ လူငယ်သင်တန်းကျောင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းသားများ တက်ရောက်သည်။
အပြည့်အစုံ ဖတ်ရန်
ကျွန်းလှမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေး
Jul 22,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ မိုးသီးနှံစိုက်ပျိုးရာသီ၌ မိုးသီးနှံမျိုးစုံအတွက် စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးလျက်ရှိကြောင်း ကျွန်းလှမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးဘဏ်မှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဝေါမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ
Jul 22,2024
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျောင်းသား၊ ကျောင်းသူများ အသိဉာဏ်ပညာဖွံ့ဖြိုးတိုးတက်စေရေးအတွက် အလယ်တန်းအဆင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက် (၁၀) နာရီက ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းရွာသစ်မြို့ရှိ အခြေခံပညာကျောင်းများတွင် ဝါဆိုသင်္ကန်း ကပ်လှူပူဇော်ပွဲ အခမ်းအနား ကျင်းပ
Jul 22,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသားကျောင်းသူများ စုပေါင်း၍ ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ အခမ်းအနားကို ယမန်နေ့က မဲလောခီးကျေးရွာ၊ မဲသမူးကျေးရွာနှင့် နတ်စင်ကုန်းကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းများတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြို့သစ်မြို့တွင် ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးပြသခြင်း ကွင်းသရုပ်ပြပွဲ ကျင်းပ
Jul 22,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မင်းရပ်ကွက်၊ ယင်းနားကုန်းကျေးရွာတောင်သူ ဦးမောင်လှ၏ (၂၆၀၈-ခ) ကွင်းတွင် စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ပူးပေါင်း၍ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးပြသခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်လတ်မြို့၊ ရွှေဧရာအောင်အားကစားခန်းမတွင် မျိုးဆက်သစ်လူငယ်ပြန့်ပွားရေး မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကျင်းပ
Jul 22,2024
မြန်မာ့နိုင်ငံရိုးရာ လက်ဝှေ့အဖွဲ့ချုပ်မှကြီးမှူးပြီး ဧရာဝတီတိုင်းဒေသကြီး ရိုးရာလက်ဝှေ့ ဆပ်ကော်မတီမှစီစဥ်ကျင်းပသော မျိုးဆက်သစ်လူငယ်ပြန့်ပွားရေး မြန်မာ့ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲကို ဇူလိုင် (၂၀)ရက် မွန်းလွဲပိုင်းက ကျိုက်လတ်မြို့ ရွှေဧရာအောင်အားကစားခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြစ်မခမြစ်ရေမြင့်တက်မှုကြောင့် အုတ်ဖိုမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအချို့ ယာယီပိတ်ထားရ
Jul 22,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် မြစ်မခမြစ်ရေမြင့်တက်မှုကြောင့် ယနေ့တွင် အခြေခံပညာကျောင်းအချို့ ပိတ်ထားရကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းရွာသစ်မြို့ ကျေးလက်ကျန်းမာရေးဌာနတွင် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်ပေးမှုလုပ်ငန်း ဆောင်ရွက်
Jul 22,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ ကျေးလက်ကျန်းမာရေးဌာနသည် မြို့အတွင်းရှိ ဒေသနေပြည်သူများ ကျန်းမာရေး အသိပညာ ဗဟုသုတ ရရှိစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန် ရည်ရွယ်၍ ကျန်းမာရေးစောင့်ရှောက်ပေးမှုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် (၉)နာရီ အချိန်တွင် ရှမ်းရွာသစ်မြို့ ကျေးလက်ကျန်းမာရေးဌာန၌ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများရှိ ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်ပေးမှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
4442
Page
4443
Page
4444
Page
4445
Current page
4446
Page
4447
Page
4448
Page
4449
Page
4450
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department