ရှမ်းရွာသစ် ဇူလိုင် ၂၂
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသားကျောင်းသူများ စုပေါင်း၍ ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ အခမ်းအနားကို ယမန်နေ့က မဲလောခီးကျေးရွာ၊ မဲသမူးကျေးရွာနှင့် နတ်စင်ကုန်းကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းများတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပင့်ဖိတ်ထားသော ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များအား ဆွမ်း၊ ခဲဖွယ်များဆက် ကပ်ပူဇော်ခဲ့ကြပြီးနောက် ငါးပါးသီလခံယူ ဆောက်တည်ခြင်း၊ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းရခြင်းနှင့် ပတ်သက်၍ တရားတော်များ၊ ပရိတ်တရားတော်များ နာယူခဲ့ကြသည်။
ထို့နောက် ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများက ဆရာတော်၊ သံဃာတော်များအား ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းနှင့် လှူဖွယ်ဝတ္ထု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)