မြစ်မခမြစ်ရေမြင့်တက်မှုကြောင့် အုတ်ဖိုမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအချို့ ယာယီပိတ်ထားရ

အုတ်ဖို ဇူလိုင် ၂၂

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် မြစ်မခမြစ်ရေမြင့်တက်မှုကြောင့် ယနေ့တွင် အခြေခံပညာကျောင်းအချို့ ပိတ်ထားရကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ကျောင်းများယာယီပိတ်ထားရာတွင် အ.မ.က(လွန်)မှက္ကဒန်၊ အ.မ.က(လွန်)တပ်ဆွဲ၊ အ.မ.က(လွန်)ဘောဂဗလ၊ အ.မ.က(အောင်သပြေ)၊ အ.မ.က(အောင်သုခ)နှင့် အ.မ.က(ငွေဖလား) ကျောင်းတို့ကို ပိတ်ထားတာဖြစ်ပြီး အဆိုပါကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူ (၄၈၇)ဦးရှိကြောင်းနှင့် မြစ်ရေပြန်လည်ကျဆင်းပါက အဆိုပါကျောင်းပိတ်ရက်များအား တနင်္ဂနွေနေ့တိုင်းတွင် ပြန်လည်အစားထိုး ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။

အောင်သူ (အုတ်ဖို)