ကျိုက်လတ်မြို့၊ ရွှေဧရာအောင်အားကစားခန်းမတွင် မျိုးဆက်သစ်လူငယ်ပြန့်ပွားရေး မြန်မာ့ရိုးရာလက်‌ဝှေ့စိန်ခေါ်ပွဲကျင်းပ

ကျိုက်လတ် ဇူလိုင် ၂၂

မြန်မာ့နိုင်ငံရိုးရာ လက်ဝှေ့အဖွဲ့ချုပ်မှကြီးမှူးပြီး ဧရာဝတီတိုင်းဒေသကြီး ရိုးရာလက်ဝှေ့ ဆပ်ကော်မတီမှစီစဥ်ကျင်းပသော မျိုးဆက်သစ်လူငယ်ပြန့်ပွားရေး မြန်မာ့ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲကို ဇူလိုင် (၂၀)ရက် မွန်းလွဲပိုင်းက ကျိုက်လတ်မြို့ ရွှေဧရာအောင်အားကစားခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

မျိုးဆက်သစ်လူငယ်ပြန့်ပွားရေး မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲတွင် ၃-ချီ စိန်ခေါ်ပွဲတွင် နွေဦး (လုံးချော) Vs စောအေးစိုး (ဒို့ရိုးရာ)၊ ကောင်းထက် (လုံးချော) Vs လင်းထွန်း (ဒို့ရိုးရာ)၊ မိုးထက် (Holy Power) Vs သက်ထွန်းဦး (ဒို့ရိုးရာ)၊ ဒေါင်းငယ်လေး(ဒေါင်းမြန်မာ) Vs စည်သူဖြိုး (ဒို့ရိုးရာ) တို့ယှဥ်ပြိုင် ထိုးသတ်ခဲ့ကြသည်။

၄-ချီ စိန်ခေါ်ပွဲတွင် ဆလိုင်းထန်ကွီးရှိန် (ကျားမနိုင်) Vs အောင်ထွန်းဘို (ဒို့ရိုးရာ)၊ ဟိန်းထွဋ်ကျော် (ဥဿာမင်း) Vs ဒေါင်းသဲလေး (ဒေါင်းမြန်မာ) တို့ယှဥ်ပြိုင် ထိုးသတ်ခဲ့ကြသည်။

၅-ချီ စိန်ခေါ်ပွဲတွင် စောကဲဒို(Holy Power) Vs အောင်ထက်ကျော်(ဒို့ရိုးရာ)တို့ ယှဥ်ပြိုင်ထိုးသတ်ခဲ့ကြပြီး မြန်မာ့ရိုးရာလက်ဝှေ့ဝါသနာရှင်များ၏ ကြားပွဲများလည်း ယှဥ်ပြိုင်ခဲ့ကြောင်း သိရသည်။

မျိုးဆက်သစ်လူငယ်ပြန့်ပွားရေး မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲတွင် အနိုင်ရလက်ဝှေ့သမားများ၊ အကောင်းဆုံးလက်ဝှေ့ဟန်ရေးပြ အားကစားသမားတို့အား တာဝန်ရှိသူများက ဂုဏ်ပြုဆုတံဆိပ်များ ပေးအပ်ခဲ့ကြောင်းသိရသည်။

လှိုင်မင်းအောင်