Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကံမမြို့နယ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများအား ပုံမှန်ထုတ်ပေး
Jul 22,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ အငြိမ်းစားဝန်ထမ်းများ၏ ဇူလိုင်လအတွက် ပင်စင်လစာငွေများကို မြန်မာ့စီးပွားရေးဘဏ်တွင် ယနေ့ နံနက် ၆ နာရီမှ စတင်၍ထုတ်ပေးလျက်ရှိရာ ရပ်ကွက်ကျေးရွာများမှ ပင်စင်စားများအားနေ့အလိုက် ခွဲခြားသတ်မှတ်၍ ပင်စင်လစာငွေများကို ပုံမှန်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယန်းမြို့၌ ကိုယ်ဝန်ဆောင်မိခင်များ လစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံပေးလျက်ရှိ
Jul 22,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များအားကျန်းမာဖွံ့ဖြိုးပြီး လွယ်ကူစွာမွေးဖွားနိုင်ရန် ကျန်းမာရေးစစ်ဆေးစောင့်ရှောက်ပေးခြင်းနှင့် လစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဇူလိုင် ၂၂ ရက် နံနက် ၉ နာရီက ကျိုင်းဟင်ရပ်ကွက်အတွင်းရှိ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနရုံးတွင် ထိုးနှံပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ချောက်မြို့မစျေး၌ ပလတ်စတစ်လျှော့ချရေး ကွင်းဆင်းစစ်ဆေး ဆောင်ရွက်
Jul 22,2024
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့မစျေး၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများပလတ်စတစ်အိတ်လျော့နည်းသုံးစွဲစေရန်ရည်ရွယ်၍ အပတ်စဉ်တနင်္လာနေ့တိုင်း ပလတ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်များမသုံးစွဲရေးနေ့သတ်မှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီက ချောက်မြို့မစျေးတွင် ပလပ်စတစ်အိတ်ဖြင့် ထုပ်ပိုးရောင်းချခြင်းမရှိစေရန်အတွက်စစ်ဆေးခြင်းနှင့် ပလတ်စတစ်အိတ်အစား အင်ဖက်၊ ငှက်ပျောဖက်၊ သတင်းစာစက္ကူတို့ဖြင့် အစားထိုးထုတ်ပိုးသုံးစွဲစေရေးအသိပညာပေးခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ခိုလမ်မြို့တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများ ထုတ်ပေး
Jul 22,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက် (၉)နာရီအချိန်က မြန်မာ့စီးပွားရေးဘဏ်တွင် စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နတ်မောက်မြို့နယ် ဂွေးပင်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေထုတ်ချေး
Jul 22,2024
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများတစ်နိုင်တစ်ပိုင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်မိသားစုဝင်ငွေတိုးစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေ နဝမစက်ဝန်းထုတ်ချေးခြင်းကို ဇူလိုင် ၂၀ ရက်နေ့ နေ့လယ်ပိုင်းက ဂွေးပင်ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နတ်မောက်မြို့နယ် မြန်မာ့စီးပွာရေးဘဏ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစား ပင်စင်စားများအား ပင်စင်လစာငွေများ စတင်ထုတ်ပေး
Jul 22,2024
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် မြန်မာ့စီးပွာရေးဘဏ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစား ပင်စင်စားများအား ပင်စင်လစာငွေများကို ယနေ့နံနက် (၇) နာရီအချိန်ခန့်ကစတင်ပြီး ထုတ်ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းပန်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများ ထုတ်ပေး
Jul 22,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို လစဉ်(၂၁)ရက်နေ့မှစတင်၍ ပုံမှန်ထုတ်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင်လည်း ဆက်လက်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သရက်မြို့၌ ဆန်စက်နှင့် ဆန်လုပ်ငန်းရှင်များ အသင်းမှ စားသုံးသူပြည်သူများအား ဆန်တစ်ပြည် (၃၀၀၀) ကျပ်နှုန်းဖြင့် ရောင်းချပေးလျက်ရှိ
Jul 22,2024
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ဆန်စက်နှင့် ဆန်လုပ်ငန်းရှင်များအသင်းမှ စားသုံးသူ ပြည်သူများအား အရည်အသွေးကောင်းမွန်သော ဧည့်မထဆန် တစ်ပြည်လျှင် (၃၀၀၀) ကျပ်နှုန်းဖြင့် ရောင်းချပေးခြင်းကို ယနေ့နံနက် (၈) နာရီက ပြည်တော်အေးရပ်ကွက် ဆင်ဖြူတော်ဓမ္မာရုံတွင် ရောင်းချပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
4444
Page
4445
Page
4446
Page
4447
Current page
4448
Page
4449
Page
4450
Page
4451
Page
4452
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department