Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မြစ်သားမြို့နယ် လျှပ်စစ်ရုံးမှ ရပ်ကွက်(၁)ရပ်ကွက်နှင့် ကျေးရွာ(၂၄)ရွာမှ ပြည်သူများ ဓာတ်အားပြည့်ဝစွာ သုံးစွဲနိုင်ရေး သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်း…
Jul 22,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် လျှပ်စစ်မန်နေဂျာရုံးမှ ပြည်သူများ လျှပ်စစ်မီးသုံးစွဲရာတွင် အန္တရာယ်ကင်းရှင်းစေရေး၊ ဓာတ်အားပြည့်ဝစွာ သုံးစွဲနိုင်ရေး၊ ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းစေရေးအတွက် လျှပ်စစ်ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသော သစ်ပင်၊သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းခြင်း၊ ယိမ်းယိုင်နေသည့် ဓာတ်တိုင်များအား တည့်မတ်ခြင်း၊ လျော့ကျနေသည့် လျှပ်စစ်ကြိုးများအား ပြန်လည်ပြုပြင်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက်(၁၀)နာရီက ရပ်ကွက်(၁) ရပ်ကွက်နှင့် ကျေးရွာ(၂၄)ရွာမှ ပြည်သူများ လျှပ်စစ်ဓာတ်အားပြည့်ဝစွာ သုံးစွဲနိုင်ရေး လျှပ်စစ်ကြိုများနှင့် မလွတ်ကင်းသော သစ်ပင်၊သစ်ကိုင်းများအား စနစ်တကျ ခုတ်ထွင်ရှင်းလင်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်တုန်းမြို့၌ ငရုတ်ကောင်းပင် စုပေါင်းစိုက်ပျိုးပွဲကျင်းပ
Jul 22,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏စီစဥ်ဆောင်ရွက်မှုဖြင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရန်နှင့် ဝင်ငွေရသီးနှံများ တစ်ပိုင်တစ်နိုင် စိုက်ပျိုးလာကြစေရန်ရည်ရွယ်၍ ငရုတ်ကောင်းပင် စုပေါင်းစိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းက ဆားမလောက်-ညောင်တုန်းကားလမ်း လမ်းဘေးဝဲယာ၌ စုပေါင်းစိုက်ပျိုးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တောင်တွင်းကြီးမြို့နယ် ဝက္ကသေးကျေးရွာတွင် စာကြည့်တိုက် အဆောက်အဦသစ်ဆောက်လုပ်နိုင်ရေး ကွင်းဆင်းတိုင်းတာခြင်းများဆောင်ရွက်
Jul 22,2024
နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုများကို ဆောင်ရွက်ရန် လမ်းညွှန်မှာကြားထားသည့်နှင့်အညီ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် ဝက္ကသေးကျေးရွာတွင် ကျေးရွာစာကြည့်တိုက်အဆောက်အဦသစ် ဆောက်လုပ်နိုင်ရေး၊ ကျေးရွာစာကြည့်တိုက်ကော်မတီဝင်များနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်၌ နွေနှမ်းလှိုင်လှိုင်ပေါ်ချိန်တွင် ဂျပန်နှမ်းနက်တစ်တင်းကို ငွေကျပ် ၁၈၀၀၀၀ ဈေးဖြင့် အရောင်းအဝယ်ကောင်းမွန်နေ
Jul 22,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် မဲဇလီရေလွှဲဆည်ရေဖြင့် စိုက်ပျိုးသည့် နွေနှမ်းစိုက်ခင်းများ လှိုင်လှိုင်ရိတ်သိမ်းခြွေလှေ့ချိန်ဖြစ်ကာ နွေနှမ်းဈေးကွက်၌ ဂျပန်နှမ်းနက်တစ်တင်းကို ငွေကျပ် ၁၈၀၀၀၀ ဈေးဖြင့် အရောင်းအဝယ်ကောင်းမွန်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
တန့်ယန်းမြို့နယ်တွင် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးလျက်ရှိ
Jul 22,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် အမှတ် (၃) တပ်မတော်ဆေးရုံမှ နယ်လှည့်ဆေးကုသရေးအဖွဲ့သည် ဇူလိုင်လ (၂၀) ရက်နေ့ နံနက်ပိုင်းက အမှတ်(၄)ရပ်ကွက်၌ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကြည့်ရှုစစ်ဆေး ဆောင်ရွက်ပေးသည်။
အပြည့်အစုံ ဖတ်ရန်
ဟင်္သာတမြို့နယ်၌ နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုနှင့် အခြေခံစားသောက်ကုန်များ သက်သာစွာရောင်းချပေး
Jul 22,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူး ရုံးဝန်းအတွင်း၌ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လာရောက်ထုတ်ယူကြသော နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား) ပင်စင်စားများအား အခမဲ့ကျန်းမာရေး ဆောင်ရွက်ပေးမှုနှင့် အခြေခံစားသောက်ကုန်များ စျေးနှုန်း သက်သာစွာ ရောင်းချပေးခြင်းကို ယနေ့နံနက် (၇) နာရီမှ စတင်၍ အဆိုပါနေရာတွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းခတ်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်(ငွေတိုက်ခွဲ)တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ ထုတ်ပေး
Jul 22,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်(ငွေတိုက်ခွဲ)၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက်ပိုင်းက ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းရွာသစ်မြို့အခြေခံပညာမူလတန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးလုပ်ငန်း ဆောင်ရွက်
Jul 22,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ် စာစောင်ပြပွဲကို ယနေ့နံနက်(၉)နာရီအချိန်က အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
4439
Page
4440
Page
4441
Page
4442
Current page
4443
Page
4444
Page
4445
Page
4446
Page
4447
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department