Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ပခုက္ကူမြို့နယ်တွင် ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်အထက် ၁၃ စင်တီမီတာခန့် ကျော်လွန်တည်ရှိနေဆဲဖြစ်
Jul 23,2024
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့မွန်းတည့် ၁၂ နာရီခွဲအချိန် ဧရာဝတီမြစ်ရေတိုင်းထွာချက်အရ ပခုက္ကူမြို့၏ စိုးရိမ်ရေမှတ် ၂၁၅၀ စင်တီမီတာအထက် ၁၃ စင်တီမီတာ ကျော်လွန်တည်ရှိနေဆဲဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကန့်ဘလူမြို့၌ လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး လူငယ်စကားဝိုင်းကျင်းပ
Jul 23,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြင့်မိုရ်ကိုယ်ပိုင်အထက်တန်းကျောင်းတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၈ နာရီက အဆိုပါရုံး လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
သရက်ချောင်းမြို့၌ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုမရှိစေရေးနှင့် ပလတ်စတစ်သုံးစွဲမှုလျော့ချရေး အသိပညာပေးဟောပြောပွဲ ကျင်းပ
Jul 23,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုမရှိစေရေးနှင့် ပလတ်စတစ်သုံးစွဲမှုလျော့ချရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်၉နာရီခွဲအချိန်က သရက်ချောင်းမြို့ အ.ထ.က သရက်ချောင်းကျောင်း (ပညာရတနာခန်းမ) ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မင်္ဂလာဒုံမြို့နယ်တွင် ကျောင်းကျန်းမာရေး အသိပညာပေးကွင်းဆင်းဆောင်ရွက်
Jul 23,2024
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်တွင် အမှတ်(၁၁)အခြေခံပညာမူလတန်းကျောင်း၌ ကျောင်းကျန်းမာရေးအသိပညာပေးကို လူငယ်ရေးရာကော်မတီနှင့်ပူးပေါင်းအဖွဲ့သည် ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ငါ့သရောက်မြို့ အ.ထ.က ကျောင်းနှင့် အ.ထ.က ခွဲ ဆည်ကျေးရွာကျောင်းတွင် သစ်ပင်စိုက်ပွဲ ကျင်းပ
Jul 23,2024
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့ အ.ထ.ကကျောင်းနှင့် အ.ထ.က-ခွဲ ဆည်ကျေးရွာကျောင်းတို့တွင် ယနေ့နံနက်ပိုင်းက အရိပ်ရအပင်များနှင့် စားပင်သီးပင်များ စိုက်ပျိုးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရပ်စောက်မြို့နယ်တွင် သမဝါယမအသင်းစုပံ့ပိုးငွေဖြင့် မိုးစပါးစိုက်ပျိုးသော အသင်းသားများအား သွင်းအားစုများပံ့ပိုးပေးအပ်ခြင်း အခမ်းအနားကျင်းပ
Jul 23,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ် သမဝါယမအသင်းစုတို့မှ နောင်မိုင်းမျိုးစေ့ ထုတ်လုပ်ရေးသမဝါယမအသင်းသားများသို့ မြို့နယ်သမဝါယမအသင်းစုပံ့ပိုးငွေဖြင့် မိုးစပါးစိုက်ပျိုးသော အသင်းသားများ၏ (၁၅၆)ဧကအတွက် (၃၁၂) သိန်းနှင့်ညီမျှသော သွင်းအားစုများနှင့် ရပ်စောက်မြို့နယ်သမဝါယမအသင်းမှ ထုတ်လုပ်သော စွမ်းထက်ဓာတ်မြေဩဇာများကို မြို့နယ်သမဝါယမဦးစီးဌာနရုံးခန်းတွင် ပေးအပ်ခဲ့ရာ
အပြည့်အစုံ ဖတ်ရန်
မြိတ်မြို့တွင် ရှေးဦးပြုစုခြင်း (နည်းပြ) သင်တန်း ဖွင့်လှစ်
Jul 23,2024
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် လူမှုကရုဏာလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် ကြက်ခြေနီစေတနာလုပ်အားရှင်များ စွမ်းဆောင်ရည်မြှင့်မားစေရေးအတွက် ရှေးဦးပြုစုခြင်း(နည်းပြ) သင်တန်းကို ယနေ့နံနက်(၉)နာရီက မြို့နယ်ကြက်ခြေနီအသင်းခွဲရုံးတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ကြီးမှူး၍ ဖွင့်လှစ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြန်အောင်မြို့နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားအုန်းဆီများကို အခြေခံအိမ်ထောင်စုများအား သတ်မှတ်စျေးနှုန်းဖြင့် ရောင်းချပေး
Jul 23,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင် များအသင်းမှ စားအုန်းဆီများကို အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်နှင့် မြို့မတဲကြီးကုန်း ကျေးရွာအတွင်းရှိ အခြေခံအိမ်ထောင်စုများအား ယမန်နေ့နံနက်က သတ်မှတ်စျေးနှုန်းဖြင့် စားအုန်းဆီ ပိဿာ ၄၅၀ ရောင်းချပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
4426
Page
4427
Page
4428
Page
4429
Current page
4430
Page
4431
Page
4432
Page
4433
Page
4434
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department