ငါ့သရောက် ဇူလိုင် ၂၃
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့ အ.ထ.ကကျောင်းနှင့် အ.ထ.က-ခွဲ ဆည်ကျေးရွာကျောင်းတို့တွင် ယနေ့နံနက်ပိုင်းက အရိပ်ရအပင်များနှင့် စားပင်သီးပင်များ စိုက်ပျိုးခဲ့ကြောင်း သိရသည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတွင် အရိပ်ရပင်များဖြစ်သည့် သရက်ပင် (၅၀)ပင်၊ မကျီးပင် (၃၀) ပင်၊ ဗန်ဒါပင် (၃၀)ပင်၊ ရေတမာပင် (၃၀)ပင်နှင့် စားပင်များမှာ ခရမ်းချဉ်ပင်၊ ချဉ်ပေါင်ပင်၊ ဘူးသီး၊ ကြက်ဟင်းခါးသီးပင်၊ ခရမ်းသီးပင်၊ ကန်းစွန်းအစေ့များကို ညောင်ဦးခရိုင် လက်ထောက်ပညာရေးမှူး ဦးအောင်ဌေးနှင့် ကျောင်းအုပ်ဆရာကြီး ဦးအောင်ကိုကို၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ စုပေါင်း စိုက်ပျိုးခဲ့ကြောင်း သိရသည်။
ငါ့သရောက် (ပြန်/ဆက်)