ပခုက္ကူ ဇူလိုင် ၂၃
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့မွန်းတည့် ၁၂ နာရီခွဲအချိန် ဧရာဝတီမြစ်ရေတိုင်းထွာချက်အရ ပခုက္ကူမြို့၏ စိုးရိမ်ရေမှတ် ၂၁၅၀ စင်တီမီတာအထက် ၁၃ စင်တီမီတာ ကျော်လွန်တည်ရှိနေဆဲဖြစ်ကြောင်း သိရသည်။
ပခုက္ကူခရိုင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဇူလိုင်လ ၂၃ ရက် မွန်းတည့် ၁၂ နာရီခွဲအချိန် ဧရာဝတီမြစ်ရေတိုင်းထွာချက်အရ ၂၁၆၃ စင်တီမီတာ(၇၀.၆၉)ပေရှိပြီး ပခုက္ကူမြို့၏ စိုးရိမ်ရေမှတ် ၂၁၅၀ စင်တီမီတာ(၇၀.၅၃)ပေအထက် ၁၃စင်တီမီတာ (၀.၁၅) ပေခန့်ကျော်လွန်မြင့်တက်နေဆဲဖြစ်ကြောင်း၊ ဇူလိုင်လ ၁၄ ရက်တွင် ရောက်ရှိခဲ့သည့် ၂၂၈၂ စင်တီမီတာ(၇၄.၈)ပေအောက် ၁၃၂စင်တီမီတာ(၄.၁)ပေခန့် ကျဆင်းလျက်ရှိကြောင်း၊ ပခုက္ကူမြို့နယ်၌ နောက်ရက်များအတွင်း ဧရာဝတီမြစ်ရေဆက်လက်ကျဆင်းနိုင်ပြီး မြစ်ကမ်းဘေးနေပြည်သူများအနေဖြင့် ရေဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိ၊ သတိရှိစေရေးအတွက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်းကာ ဧရာဝတီမြစ်ရေကြီးမှုအခြေအနေ၊ ရေကျမှုအခြေအနေတို့အား နေ့စဉ်သတင်းထုတ်ပြန်ပေးလျက်ရှိကြောင်း ခရိုင်မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သိရသည်။
ဘာမီသာ(ပခုက္ကူ)