သရက်ချောင်းမြို့၌ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုမရှိစေရေးနှင့် ပလတ်စတစ်သုံးစွဲမှုလျော့ချရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

သရက်ချောင်း ဇူလိုင် ၂၃

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုမရှိစေရေးနှင့် ပလတ်စတစ်သုံးစွဲမှုလျော့ချရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်၉နာရီခွဲအချိန်က သရက်ချောင်းမြို့ အ.ထ.က သရက်ချောင်းကျောင်း (ပညာရတနာခန်းမ) ၌ ကျင်းပသည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန်းခလိုက်ရှုနှင့်ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ ဦးတင်စွမ်နှင့်ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းခလိုက်ရှုကက ကျောင်းသား/သူများအား စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုမရှိစေရေးနှင့် ပလတ်စတစ်သုံးစွဲမှုလျော့ချရေး အသိပညာပေးဟောပြောပွဲ ကျင်းပရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ သရက်ချောင်းမြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးတင်စွမ်က စည်းကမ်းတကျအမှိုက်စွန့်ပစ်ခြင်းအကြောင်း၊ ပလတ်စတစ်အန္တရာယ်နှင့် ပလတ်စတစ်သုံးစွဲမှုလျော့ချရေးအကြောင်း၊ ပလတ်စတစ်ပစ္စည်း‌ကြောင့် မြေထု၊ ရေထု၊ လေထု ညစ်ညမ်းစေခြင်းဆိုးကျိုးများအကြောင်း၊ တစ်ခါသုံးပလတ်စတစ်များကို လျော့ချနိုင်မည့်နည်းလမ်းများအကြောင်းနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ လုပ်ငန်းစဉ်နှင့် လုပ်ဆောင်ချက်များအကြောင်းကို ကျောင်းသား/သူများ သိရှိနားလည်စေရန် အကျယ်တဝင့်ရှင်းလင်းဟောပြောပြီး ကျောင်းသား/သူများနှင့် အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

ထို့နောက် သရက်ချောင်းမြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများက အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေကာ အခမ်းအနား ရုတ်သိမ်းလိုက်ကြောင်း သိရသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)