အမြို့မြို့အနယ်နယ်သတင်းများ

Jul 23,2024
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ငူခရိုင်ရုံးမှ ပြည်သူများ စာဖတ်သည့်အလေ့အထများရှိလာစေရန်၊ စာပေကို လက်လှမ်းမှီစွာ ဖတ်ရှုလေ့လာနိုင်စေရန်၊ စာပေဖတ်ရှုလေ့လာခြင်းဖြင့် အသိပညာဗဟုသုတများကြွယ်ဝလာပြီး အမှန်နှင့်အမှားကို ဝေဖန်ပိုင်းခြားတတ်စေရန်၊ လူငယ်လူရွယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဥ်ဖြင့် ယနေ့နံနက်ပိုင်းက ခရိုင်နှင့်မြို့နယ် စက်မှုလယ်ယာဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနသို့ သွားရောက်ငှားရမ်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Jul 23,2024
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ခရိုင်အဆင့်မြန်မာ့အက အခြေခံကဗျာလွတ်(ပထမဆင့်)ပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီက အင်းစိန်မြို့နယ်၊ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်း(စက်၊ စိုက်၊ မွေး)တွင် ကျင်းပခဲ့ကြောင်းသိရသည်။
Jul 23,2024
တိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ စီးပွားရေးရာဝန်ကြီး ဦးတင်အေးသည် မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်းတို့နှင့်အတူ ယနေ့နံနက်က မြန်အောင်မြို့ အောင်ဇေယျအားကစားခန်းမ၌ မြန်အောင်မြို့နယ် နိုင်ငံ့ဝန်ထမ်း ပင်စင်စားများ ပင်စင်ထုတ်ရာတွင် ကျန်းမာရေးစောင့်ရှောက်မှုပေး၍ ဆန်၊ ကြက်ဥနှင့် စားသုံးဆီများကို စျေးနှုန်းသက်သာစွာ ရောင်းချပေးနေမှုအား ကြည့်ရှုအားပေးခဲ့သည်။
Jul 23,2024
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ ရတနာပုံတက္ကသိုလ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း၊ ယာဉ်အန္တရာယ်နှင့် ဥပဒေပြဌာန်းချက်များအကြောင်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉နာရီခွဲက အဆိုပါတက္ကသိုလ်ရှိ ပြည်ထောင်စုခန်းမ၌ ပြုလုပ်သည်။
Jul 23,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန် အခြေခံသံဂဟေဆက်နည်း သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းက သာယာကုန်းကျေးရွာအုပ်စု၊ သာယာကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့သည်။
Jul 23,2024
စစ်ကိုင်းတိုင်း​ဒေသကြီး၊​ ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် (Women Club) အဖွဲ့ဝင်များ ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆရာ​မောင်ခင်မင်(ဓနုဖြူ)​ရေးသားသည့်"အ​မွေခံတစ်​ယောက် အ​မွေ​ပေးသူတစ်ရာ"စာအုပ်ဖြင့် ယ​နေ့နံနက်ပိုင်းက စာဖတ်ဝိုင်း​ဆောင်ရွက်ခဲ့သည်။
Jul 23,2024
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင်  အောင်ငြိမ်းချမ်းရောင်း၀ယ်ရေး သမဝါယမအသင်းလီမီတက်၏ အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယမန်နေ့နံနက်(၁၀)နာရီ၌ အမှတ်(၄၂)အခြေခံပညာမူလတန်းကျောင်း ဓမ္မာရုံတွင် ကျင်းပပြုလုပ်သည်။