မင်္ဂလာဒုံ ဇူလိုင် ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်တွင် အမှတ်(၁၁)အခြေခံပညာမူလတန်းကျောင်း၌ ကျောင်းကျန်းမာရေးအသိပညာပေးကို လူငယ်ရေးရာကော်မတီနှင့်ပူးပေါင်းအဖွဲ့သည် ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မိုးတွင်းကာလ ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ရေးနှင့်ပတ်သက်၍ အသိပညာပေးခြင်း၊ ကျောင်းအတွင်းရှိ ရေတွင်း/ရေကန်များတွင်း ဆေးခပ်ခြင်း၊ ပိုစတာကပ်ခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ကို လူငယ်ရေးရာကော်မတီမှ တာဝန်ရှိသူများနှင့် ပူးပေါင်းအဖွဲ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မင်းသိန်းထွန်း