Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
သံတောင်ကြီးမြို့နယ်တွင် ကွမ်းသီးနုများဝယ်လိုအားကောင်းပြီး ကွမ်းသီးခြောက်များထက်ပိုမို ဈေးကောင်းရရှိ
Jul 23,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသဖြစ်ပြီးဒေသခံပြည်သူများမှာ အသက်မွေးဝမ်းမှုအဖြင့် ဉယျာဉ်ခြံစိုက်ပျိုးခြင်းလုပ်ငန်းကို အဓိကလုပ်ကိုင်လျက်ရှိရာ ကွမ်းသီးစိုက်ပျိုးလုပ်ကိုင်ခြင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ ကွမ်းသီးများသည် နှစ်ရှည်သီးနှံပင် တစ်မျိုးဖြစ်ပြီး ဆောင်းတွင်းအချိန် ကွမ်းသီးများရင့်မှည့်မှသာ ခူးယူလုပ်ကိုင်ရောင်းချကြသော်လည်း ယခုဇူလိုင်လတွင် ကွမ်းသီးနုများဝယ်လိုအားကောင်းပြီး ကွမ်းသီးခြောက်များ ထက်ပိုမိုဈေးကောင်း ရရှိခြင်းကြောင့် ကွမ်းသီးစိုက်ပျိုးလုပ်ကိုင်သူတောင်သူများက ကွမ်းသီးနုများ ခူးယူရောင်းချကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့နယ်တွင် တောင်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေး မိုးရာသီ စိုက်ပျိုးစရိတ်များ ထုတ်ချေး
Jul 23,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် တောင်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ကျောက်ဆည်ခရိုင်ဘဏ်ခွဲမှ ၂၀၂၄ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်များ ထုတ်ချေးပေးလျက်ရှိရှာ ယနေ့နံနက် ၁၀ နာရီအထိ ငွေ(၄၄၀၉.၀၀) ကျပ်သိန်း ထုတ်ချေးပေးပြီးဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုင်းလပ်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်၊ စာစောင်များ အခမဲ့ငှားရမ်းပေး
Jul 23,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဌာနဆိုင်ရာအသီးသီးရှိ ဝန်ထမ်းများ၊ ကလေးသူငယ်များ စာအုပ်များ အလွယ်တကူဖတ်ရှုနိုင်ရန်အတွက် Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ အခမဲ့ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များသို့ ကွင်းဆင်းငှားရမ်းပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စလင်းမြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Jul 23,2024
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/သူလူငယ်များ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဆွေးနွေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ (၂)နာရီအချိန်က အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လှည်းကူးမြို့နယ် မဇ္ဇိုမဂုဏ်ရည် မဟာစည်တောရ ရိပ်သာကျောင်းတိုက်တွင် ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
Jul 23,2024
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ မဇ္ဇိုမဂုဏ်ရည် မဟာစည်တောရရိပ်သာကျောင်းတိုက်ဝန်းအတွင်း သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရန်ရည်ရွယ်၍ လှည်းကူးမြို့နယ် သစ်တောဦးစီးဌာနက ကျင်းပသော ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီ ခွဲက ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကရသူရိမြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်များပြသ
Jul 23,2024
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ် စာစောင်များပြသခြင်းကို ယနေ့နံနက် ၁၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
သာယာဝတီမြို့နယ်တွင် မြစ်မခမြစ်ရေဝင်ရောက်မှုကြောင့် စာသင်ကျောင်း(၂၈)ကျောင်း ခေတ္တယာယီပိတ်ထား
Jul 23,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ဧရာဝတီမြစ်ရေတက်ပြီး မြစ်လက်တက်ဖြစ်သည့် မြစ်မခမြစ်အတွင်းသို့ မြစ်ရေဝင်ရောက်မှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်၍ ယနေ့နံနက်ပိုင်းမှစတင်ကာ စာသင်ကျောင်း(၂၈)ကျောင်း ခေတ္တယာယီပိတ်ထားရကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပေါင်မြို့နယ်၌ အသင့်စားမုန့်အမျိုးမျိုးနှင့်စပ်လျဥ်း၍ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်
Jul 23,2024
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ အသင့်စားမုန့်အမျိုးမျိုးနှင့်စပ်လျဥ်း၍ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို ယနေ့နံနက်(၈)နာရီက ပေါင်မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် သက်ဆိုင်ရာတာဝန်ရှိသူအသီးသီးတို့က မြို့ပေါ်ရပ်ကွက်(၄)ခု၌ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
4430
Page
4431
Page
4432
Page
4433
Current page
4434
Page
4435
Page
4436
Page
4437
Page
4438
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department