မြန်အောင် ဇူလိုင် ၂၃
တိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ စီးပွားရေးရာဝန်ကြီး ဦးတင်အေးသည် မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်းတို့နှင့်အတူ ယနေ့နံနက်က မြန်အောင်မြို့ အောင်ဇေယျအားကစားခန်းမ၌ မြန်အောင်မြို့နယ် နိုင်ငံ့ဝန်ထမ်း ပင်စင်စားများ ပင်စင်ထုတ်ရာတွင် ကျန်းမာရေးစောင့်ရှောက်မှုပေး၍ ဆန်၊ ကြက်ဥနှင့် စားသုံးဆီများကို စျေးနှုန်းသက်သာစွာ ရောင်းချပေးနေမှုအား ကြည့်ရှုအားပေးခဲ့သည်။
မြန်အောင်ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံကြီးကြပ်မှုဖြင့် မြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားပင်စင်စားများ ပင်စင်လာရောက်ထုတ်ယူရာတွင် သွေးပေါင်ချိန်ခြင်း၊ ဆီးချို/သွေးချိုစစ်ဆေးခြင်းတို့အား မြို့နယ်ကျန်းမာရေး ဦးစီးဌာနဝန်ထမ်းများက ဆောင်ရွက်ပေးပြီး မြတ်ဘုန်းသူဆန်စက်မှ ဦးနေဝင်းဇော်မိသားစုက ပခန်းဆန် တစ်ပြည် ၃၀၀၀ ကျပ်နှုန်း၊ မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမင်းဇော်ဦးက စားသုံးဆီ ငါးဆယ်ကျပ်သား (၃၀၀၀) ကျပ် ၊ ကြက်ဥ ငါးလုံး (၁၅၀၀) ကျပ်ဖြင့် ရောင်းချပေးလျက်ရှိရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန ဦးစီးမှူး ဦးမြင့်အောင်တို့က ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဝင်းဗိုလ်(ပြန်/ဆက်)